အဖွားကကလေးလိုသူမအားအတင်းဖက်တွယ်ထားတာမို့တံတိုင်းလည်းအဖွားအားအသာဆွဲကာ

''အဖွား သူကဒီအိမ်သားမဟုတ်ဘူးလေ သူအိမ်ပြန်ရမှာ''

အဖွားကသူ့လက်ကိုပုတ်ချ၍

''မင်းအသာနေစမ်းပါ အရှုပ်ထုပ်လုပ်မနေနဲ့''

''ဗျာ''

အဖွားကရောင်စဥ့်မေးစေ့လေးအားကိုင်ကာ

''မြေးလေးကအဖွားနဲ့အတူအိပ်မှာမလား နော်''

ရောင်စဥ်လည်းမထူးတဲ့အဆုံး

''ဟုတ်ပါပြီ သမီးအဖွားနဲ့အတူအိပ်မယ် အဲဒါဆိုရပြီလား''

သူမစကားကြောင့်တံတိုင်းမျက်ခုံးအစုံပင့်တက်သွားရလေသည်။
သူတို့မိသားစုရှေ့မို့စိတ်ထားကောင်းချင်ယောင်ဆောင်ပြနေသလားမပြောတတ်။

''တစ်ကယ်နော်မြေးလေး''

''တစ်ကယ်ပေါ့''

ရောင်စဥ် တံတိုင်းဘက်လှည့်ကာ

''အဖွားအခန်းကဘယ်မှာလဲ''

''မင်းအဆင်ပြေလို့လား''

''ပြေပါတယ် အခန်းသာလိုက်ပြပါ''

''အင်း''

သူရှေ့ကဦးဆောင်ကာအိမ်ပေါ်တက်သွားတော့ရောင်စဥ်လည်းအဖွားကိုတွဲခေါ်၍သူ့နောက်ကလိုက်လာခဲ့လိုက်၏။

ကျန်နေခဲ့တဲ့ဟိန်းထွဋ်က

''ချစ်စရာလေးကွာ သူနဲ့နီးကပ်သွားတုန်းကငါရင်တွေခုန်နေတာ တစ်ခါမှတောင်အဲလိုရင်မခုန်ဖူးဘူး ငါတစ်ကယ်သူ့ကိုကြွေသွားပြီ''

သုသဒ္ဓါလည်းဟိန်းထွဋ်ကိုကြည့်ကာမျက်နှာမှာဝမ်းနည်းရိပ်တွေသမ်းသွားရလေသည်။
အနီးကပ်ရှိနေတဲ့သူမကိုတော့ဟိန်းထွဋ်ကမမြင်ဘူး။

ထိုနည်းတူဓူဝံလည်းဝိုင်ခွက်ကိုလှည့်ရင်း

''မနေ့ကလမ်းဘေးမှထိုင်ငိုနေတဲ့ကောင်မလေးပဲ''

အတွေးနဲ့အတူသူနှုတ်ခမ်းတွေအားတွန့်ချိုးကာပြုံးလိုက်၏။

___________________

သူတို့အဖွားအခန်းထဲရောက်တော့ရောင်စဥ်က

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now