🌳🍁🍁🌳

​ရောင်စဥ်လက်ကနာရီကိုကြည့်ရင်းဘတ်စ်ကားဂိတ်မှာထိုင်နေ၏။
သူမစီးရမယ့်ကားကခုထိရောက်မလာသေးပေ။

''နောက်တော့မကျနိုင်ကောင်း''

ထိုစဥ်

''မြေးလေး''

သူမပုခုံးကိုလာကိုင်ကာခေါ်လိုက်တာကြောင့်ရောင်စဥ့်ကိုယ်လေးတုန်သွားပြီးဘေးကိုအလန့်တကြားလှည့်ကြည့်လိုက်တော့အသက်80ကျော်အဖွားအရွယ်ကသူမအားပြုံးပြကာ

''မြေးလေး''

''ဟုတ်အဖွား''

''အဖွားမြေးလေး ဘယ်တွေလျှောက်သွားနေတာလဲ အဖွားကစိတ်ပူနေတာ''

''အမ်''

''လာ အိမ်ပြန်ကြမယ် အဖွားကမြေးအတွက်အိမ်မှာသကြားလုံးတွေဝယ်ထားတယ်''

​ပြောပြောဆိုဆိုနဲ့သူမလက်ကိုဆွဲခေါ်သွားတာကြောင့်ရောင်စဥ်အလန့်တကြားနဲ့လက်ကိုပြန်ဆွဲကာ

''အဖွား အဖွားလူမှားနေပြီ သမီးကအဖွားမြေးမဟုတ်ဘူး''

အဖွားကသူမတင်ပါးအားပိတ်ရို.က်ပြီး

''ဒီကလေးတော့ မဟုတ်တာတွေပြောနေပြန်ပြီ လာအိမ်ပြန်မယ်''

''အယ် ဘယ်သူကမဟုတ်တာပြောတာလဲ ဒုက္ခပါပဲ''

အဖွားကသူမလက်ကိုထပ်ဆွဲလိုက်မှရောင်စဥ်အဖွားလက်ကလက်ပတ်အားသတိထားမိသွားရပြီးလက်ကိုဆွဲကာယူကြည့်လိုက်တော့

''ဟင် စိတ်ဝေဒနာသည် အဖွားမိသားစုကဘယ်လိုလူတွေလဲ စိတ်ဝေဒနာသည်ကိုခုလိုပဲပစ်ထားရလား''

လက်ပတ်မှာလည်းလိပ်စာရေးထားပုံထောက်ရင်အဖွားကအခုလိုအိမ်ကနေခဏခဏထွက်လာတတ်ပုံပင်။
ဒါနဲ့များသေချာဂရုမစိုက်ကြဘူး။

ထိုအခိုက်သူမစီးရမယ့်YBSကမှတ်တိုင်သို့ရောက်လာလေသည်။
ရောင်စဥ် အဖွားကိုတစ်လှည့်လက်ထဲကCV foamကိုတစ်လှည့်ကြည့်ပြီးမှဆုံးဖြတ်ချက်တစ်ခုချလိုက်လေ၏။

အဲဒါက......။

🌳🍁🍁🌳

ခြံထဲမှာရောအိမ်ထဲမှာပါလူအများအပြားအလုပ်ရှုပ်နေကြ၏။

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now