🎲 1 : 𝑾𝒉𝒂𝒕 𝒊𝒇 𝒍𝒖𝒄𝒌 𝒊𝒔 𝒇𝒂𝒗𝒐𝒓𝒂𝒃𝒍𝒆 𝒇𝒐𝒓 𝒎𝒆? 🎲

831 74 4
                                    

ဖုန်းမှ alarm သံမြည်လာသည်နှင့် ယူဂျင်း၏မျက်လုံးနှစ်လုံးမှာလည်း ဖြတ်ခနဲပွင့်လာခဲ့ကြသည်။ သူယခု သူ့မွေးရပ်မြေဖြစ်သော ဆိုးလ်မြို့ရှိနာမည်ကြီးတက္ကသိုလ်တွင် တက်ရောက်ရတော့မည်ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေပုံပင်။ --- ပုံမှန်စိတ်နဲ့သာဆို.. သူလား alarmမြည်တာနဲ့ထမှာ? alarm အချိန်ကိုအနည်းဆုံး ၅ကြိမ်လောက်ထပ်ပြောင်းပြီးမှထတတ်တဲ့အကျင့်ကို သူ့ကိုယ်သူအသိဆုံး ---

တရစပ်မြည်နေသော alarm ကိုလှမ်းပိတ်လိုက်ပြီးနောက် ယူဂျင်း အိပ်ရာမှထကာ ‌တက္ကသိုလ်သွားဖို့အတွက်ပြင်ဆင်လိုက်တော့သည်။

ရှပ်လက်တိုလေးအပေါ်မှ အဖြူအမည်းစပ်ထားသောHoodieလေးထပ်ဝတ်လို့ အနက်ရောင် beanie လေးကိုဆောင်းလိုက်ပါလျှင် သူအမြဲဝတ်နေကျ fashion styleကိုရပေမည်။ မှန်ထဲတွင်ပေါ်နေပါသော နှာတံပေါ်၌မှဲ့နက်လေးထင်းနေသည့် ခပ်ချောချောကောင်လေးကိုကြည့်ရင်း ယူဂျင်းသဘောတကျပြုံးလိုက်မိသည်။

"" ဒီလောက်ထိချောနေလို့ဖြစ်ပါ့မလား..တော်ကြာတက္ကသိုလ်ကကောင်တွေအကုန်ထိုင်ငိုကုန်လို့အားနာစရာတွေဖြစ်ကုန်ရင်ဒုက္ခပါပဲ.. ""

လိပ်ဆန်ဆန်ရေရွတ်လိုက်ပြီးနောက် ခွိခနဲတစ်ချက်ရယ်ကာ ကုတင်ပေါ်ရှိဘေးလွယ်အိတ်ကိုကောက်လွယ်လို့ အိမ်မှထွက်လာခဲ့လိုက်သည်။

သူ့အိမ်နှင့်တက္ကသိုလ်မှာ အနည်းငယ်နီးသည်မို့ Bus သုံးမှတ်တိုင်လောက်စီးလိုက်လျှင်ပင် တက္ကသိုလ်သို့ရောက်ပေမည်။ ထို့ကြောင့်ပဲ အဖေဖြစ်သူမှ သူ့အတွက် ကားဝယ်ပေးမည်ဟုပြောလာခဲ့သောချိန်၌ အခုချိန်မှာမလိုအပ်သေးဘူးဟုဆိုကာ ငြင်းခဲ့ခြင်းဖြစ်လေသည်။ အဖေ့အလုပ်ကဝင်ငွေကောင်းတာမှန်သော်လည်း သူ့ကြောင့်နှင့်အပိုကုန်တာမျိုး မဖြစ်စေချင်ပါ။ --- ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်က ကားလေးသုံးမှတ်တိုင်လောက်စီးရုံနဲ့ရောက်နေပြီပဲလေ ---

Busပေါ်ရောက်ရောက်ချင်း၌ ဖုန်းမှ message notiသံလေးအားကြားလိုက်ရတာကြောင့် ဖွင့်ကြည့်လိုက်တော့....

- တတိယနှစ်ရဲ့ပထမဆုံးနေ့လေးမှာ ကိုယ့် babyလေး အစစအရာရာအဆင်ပြေပါစေ -

Devils Roll the Dice Where stories live. Discover now