🎲 2 : 𝑻𝒉𝒆 𝒇𝒊𝒓𝒔𝒕 𝒆𝒏𝒄𝒐𝒖𝒏𝒕𝒆𝒓 𝒃𝒆𝒕𝒘𝒆𝒆𝒏 𝒕𝒘𝒐 𝒅𝒆𝒗𝒊𝒍𝒔🎲

541 75 0
                                    

"" သူ့နာမည်က အီဂျီယောင်း ငါတို့မေဂျာက ""

"" တွေ့ရတာဝမ်းသာပါတယ် အီဂျီယောင်းပါ ""

"" ဟန်ယူဂျင်းပါ... သူကတော့ ဂျန်းဒိုဟျွန်း ငါတို့မေဂျာက ""

"" တွေ့ရတာဝမ်းသာပါတယ် ဂျန်းဒိုဟျွန်းပါ ""

"" ချွဲယူရာပါ ""

ထိုင်ခုံဖော်သူငယ်ချင်းတစ်ယောက်စီကိုပါ အပြန်အလှန်မိတ်ဆက်ပေးပြီးနောက် ယူဂျင်းကိုကြည့်ရင်းရှက်ကိုးရှက်ကန်းဖြစ်နေပုံရသော ဂျီယောင်းကြောင့် ယူရာကပြုံးစိစိနှင့်ထပြောလာလေသည်။

"" ဟဲ့ ရှက်မနေနဲ့ သူက biဆိုပေမဲ့ 80% gay ""

ထိုအခါ ဂျီယောင်းကအံ့ဩသွားဟန်ဖြင့်...

"" ဟယ် တကယ်!!? ""

"" အင်း တကယ် ""

ယူဂျင်းဘက်ကအတည်ပြုပေးလိုက်တော့ ဂျီယောင်းက ပျော်ရွှင်စွာဖြင့်ပြောလာခဲ့၏။

"" ကောင်းတာပေါ့
ဒါဆိုငါတို့ပိုပြီးမြန်မြန်ရင်းနှီးသွားနိုင်တာပဲ ""

"" 100% straight ဖြစ်တဲ့ငါနဲ့လည်းမြန်မြန်ရင်းနှီးလို့ရပါတယ်နော် ""

ရုတ်တရက်ထပြောလာသော ဒိုဟျွန်းစကားအဆုံး လေးယောက်သားရယ်မိကြကာ မူလကအနည်းငယ်နေရခက်ခဲ့သော လေထုအနေအထားမှာလည်း စိုစိုပြေပြေဖြစ်သွား‌လေသည်။ ပွင့်လင်းမြင်သာလာသော ခေတ်ရေစီးကြောင်းကြောင့်ထင်ပါသည်။ သူ့ဘက်ကယောက်ျားတွေကိုစိတ်ဝင်စားကြောင်းဝန်ခံထားသည့်တိုင် အသစ်ရလာသောသူငယ်ချင်းနှစ်ယောက်မှာမူ သူ၏ဖြစ်တည်မှုအား မနှစ်မြို့ခြင်း၊ဝေဖန်ခြင်း အလျဉ်းမရှိ နားလည်လက်ခံပေးကြလေသည်။ ထိုအတွက် ယူဂျင်းမှာ ကျေးဇူးတင်ရသည်။ သို့ပေမဲ့ အကယ်၍များ သူတို့ဘက်ကလက်မခံနိုင်ကြဘူးဆိုဦးတော့ ၊ မိဘနှစ်ပါးဆီမှ နားလည်မှုအပြည့်အဝရထားသော ယူဂျင်းအဖို့ ... ဒါက ထွေထွေထူးထူးကိစ္စရပ်မဟုတ်သလို ပတ်ဝန်းကျင်အမြင်တွေကိုဂရုစိုက်ပြီး သူ့ဖြစ်တည်မှုကိုထုတ်ပြောဖို့အတွက်ဝန်လေးနေမှာလည်းမဟုတ်ပေ။

"" ACE ပဲ! ""

canteen ဝင်ပေါက်ဘက်ကိုလှမ်းကြည့်ရင်း ရေရွတ်လိုက်သော ဂျီယောင်းကြောင့် ယူဂျင်းလည်း ဘာရယ်မဟုတ်နောက်လှည့်ကြည့်လိုက်မိသည်။ ထိုအခါ တလက်လက်တောက်ပနေသောအရှိန်အဝါများဖြင့် လူအများကြား၌ ထင်းထွက်နေပါသောလူသုံးယောက်အား မြင်လိုက်ရပါတော့သည်။ ယူရာပြောပြထားသောအချက်အလက်များကြောင့်တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘယ်တစ်ယောက်ကဘယ်သူဆိုတာကို ယူဂျင်းခန့်မှန်းကြည့်လို့ရလေသည်။ နတ်သားကဲ့သို့ အကျင့်စရိုက်ရှိသော ဆောင်းဟန်ဘင်းမှာ အလယ်၌ရပ်‌နေသော မျက်နှာအချိုဆုံးတစ်ယောက်ဖြစ်နိုင်ပြီး ၊ ညှို့အားပြင်းသောဆွဲဆောင်မှုရှိသည့် ရှင်းမ်ရစ်ခီမှာမူ manhwaထဲမှခုန်ထွက်လာ‌သလားမှတ်ရအောင် ထင်းထွက်နေသော visualကိုပိုင်ဆိုင်ထားသည့် ဘယ်ဘက်တွင်ရပ်နေသောသူဖြစ်နိုင်လေသည်။ သုံးယောက်ထဲ၌ အရပ်အရှည်ဆုံးလည်းဖြစ်ပြီး မျက်နှာထားတင်းတာလည်းမဟုတ်၊ ချိုတာလည်းမဟုတ်ဘဲ ခပ်တည်တည်မျက်နှာထားကိုမှ မသိမသာလေးပြုံးယောင်သန်းနေလေကာ တစ်လောကလုံးကိုအထင်အမြင်သေးနေသလိုအကြည့်တို့ဖြင့် ညာဘက်၌ရပ်နေသူမှာတော့ သူသိသည့် ဂင်ဂယူဗင်းပင်ဖြစ်လေသည်။ သုံးယောက်ထဲ၌ သူ့အကြည့်တွေကို အဖမ်းစားနိုင်ဆုံးသူဟုပြောလျှင်လည်းမမှားပေ။ ပထမဆုံးနေ့ကတစ်ခါဆုံခဲ့ဖူးသော်လည်း ထိုအချိန်တုန်းက စက္ကန့်ပိုင်းမျှသာဖြတ်ခနဲမြင်လိုက်ရတာကြောင့် ယခုကဲ့သို့ ဂင်ဂယူဗင်း၏မျက်နှာအားသေသေချာချာ၊ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အခါမှာတော့ အကြည့်မလွှဲနိုင်လောက်အောင်ဖြစ်သွားရခြင်းပင်။ --- ဂင်ဂယူဗင်းချောတာသိပေမဲ့ အထက်တန်းတုန်းကထက် ဆယ်ဆလောက်ပိုချောလာတာကြီးကျ လွန်လွန်းတယ်မဟုတ်ဘူးလား ရှီးဗားလ် ဒီဘဲသောက်ရမ်းချောလာတာပဲ!!! ---

Devils Roll the Dice [ Completed ]Where stories live. Discover now