အပိုင်းရှစ်

Beginne am Anfang
                                    

"ခင်ဗျားလိုခွေးပါးစပ်ကနေ ငါ့အဖေအကြောင်းနည်းနည်းလေးမှထွက်လာစရာမလိုဘူး။လွှတ်...!!ငါ့ကို.."

"မင်းကိုယ်ထိလက်ရောက်ကျူးလွန်တာ ငါထောင်ချလိုက်လို့ရတယ်နော်"

"ဟား..ဟား..လုပ်လိုက်လေ!!လုပ်လိုက်စမ်းပါ။အဲ့တာဆိုရင် ထောင်ထဲဝင်ရမယ့်အတူတူ တစ်ခါထဲသတ်ပြီးဝင်လိုက်တော့မှာပေါ့။မင်းထောင်ချချင်တိုင်း ထောင်ချရအောင် ငါတို့ကမင်းလုပ်ချင်တိုင်းလုပ်လို့ရတဲ့ မင်းမယားJeon Heesooမဟုတ်ဘူးခွေးမသား သဘောပေါက်..!!"

လူကောင်သေးသလောက် လက်စရော ခြိမ်းခြောက်တာပါ ကြောက်ဖို့ကောင်းနေတာကြောင့် စခန်းထဲကလူတွေဟာ သူတို့အရာရှိထက်ပိုရှိန်နေခဲ့သည်။
So Binwooသည်လည်း သူ့စခန်းထိ လာပြီးကြောသွားသော ညီအစ်ကိုနှစ်ယောက်ကိုနည်းနည်းလေးမှ ကြေမနေခဲ့။

သူထင်ထားတာက Park Jiminက အရှက်ရကာ စိတ်ဓါတ်ကျပြီး လူတောထဲမတိုးနိုင်ပြီဟု အပိုင်တွေးထားမိတာ။ အခုများတော့ Park Jiminက ကျော့ကျော့လေးပဲ။သူPark Jiminကိုသိပ်လျှော့တွက်မိသွားတာများလား။
•••••••••••••
•••••••••••••
"Hyungတစ်ယောက်ထဲသွားလို့ဖြစ်ရဲ့လား"

"အင်းဖြစ်ပါတယ်အငယ်ကောင်ရဲ့။မောင်လည်း ခနနေလာမှာပဲဟာ"

"ဒါဆိုကျွန်တော်သွားပြီ"

ဆေးရုံရက်ချိန်းမို့ အငယ်ကောင်ဟာသူ့ကိုရဲစခန်းကအပြန် ဆေးရုံရှေ့တွင်သာချပေးခဲ့သည်။အငယ်ကောင်ဟာ Jeon အိမ်တော်တစ်ခုလုံးကိုတူးခါးနေအောင်မုန်းတီးနေခဲ့သည်မို့ မောင့်ကိုတောင်မျက်နှာချင်းမဆိုင်ချင်ခဲ့။သူကတော့ မောင့်ကိုမှမပြတ်နိုင်ဘဲ။မောင့်ကိုတော့ အဆုံးထိခွင့်လွှတ်ပြီးဖက်တွယ်ထားမှာ။

ကလေးယူဖို့ကိုသေချာဆုံးဖြတ်ထားကြပြီးပြီမို့ သေသေချာချာလေးဆေးကုသမှုခံယူပြီး မောင်နဲ့သူရဲ့ရင်သွေးလေးတွေမွေးမြူမည်။မောင့်ရဲ့ဆိုဆုံးမမှုနဲ့ သူ့ရဲ့အတ္တမပါတဲ့မေတ္တာတွေကြောင့်သူတို့ကလေးလေးဟာ လိမ္မာရေးခြားရှိလာစေရမည်။

"လူနာ Park Jimin တုံကင်နံပါတ်က13ပါ။အရှေ့မှာ၇ယောက်လောက်တော့ရှိသေးတယ်ရှင့်။နာမည်စာရင်းခေါ်မှ လာပေးပါနော်"

Please  don't  change Wo Geschichten leben. Entdecke jetzt