အပိုင်း ၃

60 9 0
                                    

Unicode

"အစ်ကို့ကို ခနလောက်..စောင့်နေပေးမလား.."

ကြီးကောင်ကြီးမားကြီးနဲ့ သရဲကြောက်နေသေးတာလားလို့ ဖို့ချက်တစ်ယောက် ထင်ကောင်းထင်နေနိုင်သည် ။ သို့သော်လည်း မတတ်နိုင် ၊ သရဲကြောက်တာမျိုးမဟုတ်ဘဲ ကိုယ်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဒေသအသစ်ဖြစ်သည့်အတွက် မြွေကင်းပါးတို့ မရှိဘူးဟု တပ်အပ်မပြောနိုင်ချေ ။ ထို့ကြောင့် အကူအညီတောင်းရခြင်းဖြစ်၏ ။

"ဟုတ်..ကျုပ်စောင့်နေပေးပါ့မယ်.."

လေသံခပ်အေးအေးနှင့် ပြန်ပြောလာသဖြင့် ဟန်ထွဋ်လည်း စိတ်ချလက်ချနှင့် ရေခွက်ကို လှမ်းကိုင်နိုင်ပြီး မျက်နှာကို ခပ်မြန်မြန်သစ်ရတော့သည် ။ ချင်းပြည်ရဲ့အအေးဓာတ်က ညတဖြည်းဖြည်းမှောက်လာလေ အအေးဓာတ် တိုးလာလေလေဖြစ်သည် ။

မျက်နှာသစ်ပြီးနောက် အိမ်ဘက်သို့ ပြန်လျှောက်လာကြပြီး -

"အဖေက ဘယ်တော့လောက်ပြန်လာမှာလဲ.."

"အင်း..မေနျူ ပြောတာတော့ တစ်ပတ်လောက်တော့ကြာဦးမယ်တဲ့.."

"ဪ..မင်းဒီမှာနေရတာရော အဆင်ပြေရဲ့လား.."

"​ဟာဗျာ..ကျုပ်က ဒီအိမ်မှာ မွေးကတည်းက နေလာခဲ့တဲ့သူပါဗျ..အဆင်မပြေနိုင်စရဟမရှိပါဘူး..အစ်ကိုကြီးကိုသာ မေးရမှာ.."

"ငါက အဆင်ပြေပါတယ်..ဟိုးအဝေးကြီးမှာ နှစ်တွေအကြာကြီး နေလာခဲ့ပြီးပြီ..ဒီလောက်လေးက minor ပါ.."

နှစ်ယောက်သား စကားတပြောပြောနှင့် အိမ်အောက်ထပ်ထဲသို့ အနောက်ပေါက်မှ ဝင်လာခဲ့ကြပြီး -

"အမေ..ထမင်းစားကြရအောင်.."

"ဪ..ဟုတ်ပြီ သား..ခနလေးတော့စောင့်ဦး..ဖို့ချက်ရေ..မေနျူ့ကို လာဝိုင်းကူပေးပါဦး.."

"ဟုတ်ကဲ့ မေနျူ.."

"အမေ ခိုင်းစရာရှိရင် သားကိုပြောလည်းရပါတယ်ဗျာ..ဖို့ချက်ကို အားနာစရာကြီး.."

ဟန်ထွဋ်သော်က အင်္ကျီလက်ရှည်၏ လက်ကို အပေါ်သို့ ဆွဲတင်လိုက်ပြီး ထမင်းအိုးတွေနားသို့ လျှောက်သွားလိုက်ကာ-

Han_Chat (ဟန်ချက်)Where stories live. Discover now