ဟဲ့ ကမ လေးလေးကြီး စိတ်မကောင်းဖြစ်မယ်နော် နင် အရင်လို အေးဆေးပဲနေပါဟာ..
တူးတူး ငါ ယောကျာ်းလေးတွေနဲ့ပြောမှာမဟုတ်ဘူး မိန်းခလေးသူငယ်ချင်းပဲ ရှာမှာပါ နင်တို့ကလဲအေ ငါလဲ ငါ့အဖေ စိတ်ဆင်းရဲမှာ မလိုလားပါဘူး မိန်းခလေး သူငယ်ချင်းရှာပီး Girl talking ပဲလုပ်မှာဟာနင်တို့ကလဲအေငါ့အဖေ စိတ်သောကရောက်အောင်မလုပ်ပါဘူး မိန်းခလေးသူငယ်ချင်းပဲရှာပီ စကားပြောမှာပါ အတင်းတုပ်မှာပါ....
အေးပါ အေးပါ အဲ့ဆိုရင် wechat မှာ shake friend လုပ်လိုက်နော် ......
ရပီ ရပီ တူးတူး ငါက ကုလားကား ကုလားသီချင်းတွေကြိုက်တော့ india singer, actors တွေ ရှာမယ် အတူတူကမယ်ဟေ့.....
ထင်သားပဲ အမျိုးတူပဲရှာမယ်ဆိုတာ ဟားးး ဟားး.လုပ် လုပ် လူမျိုးတူပဲ ရှာ လေပြေကုလားမရေ ဒါပဲ ဒါပဲ ငါသင်တန်းတတ်ရမှာ ....
အေး အဲဒါပြောတာ င့ါဘေးနားမှာ နင်တို့ မရှိနိုင်တာလေ ငါပျင်းလို့ပါ ဟာ ဒါပဲဒါပဲ ကျေးဇူးတူးတူးရေ......
.......................................
တပါတ်လောက်ကြာတော့လေပြေ wechat သုံးရတာစိတ်ရှုပ်လာပီ သူငယ်ချင်းရမလားလို့သုံးမိပါတယ်
အကောင်တွေက တခါလဲ အသက်မေး တခါလာ အိမ်ထောင်ရှိလားမေး တခါလာ မမလားမေး တခါလာ ဟိုဒင်း ဟိုဟာ စိတ်ရှုပ်တယ် ဖေ့ဘုတ်သုံးချင်ပါတယ်ဆို ကိုကို ကြောင့် အားလုံးပိတ်ခံရတာ
ငယ်ငယ်ကတည်းကလေပြေ မိဘ စိတ်တိုင်းကျနေရတယ် မိဘတွေက အောက်ခြေ ဘဝမှ တိုးတတ်လာအောင်လုပ်ခဲ့သော အစိုးရ အငြိမ်းစားတွေ
ကိုကိုက အိမ်နီးချင်း လေးတန်းကျောင်းသားဘဝကတည်းက ဘေးနားကခြံကိုပြောင်းလာသူ သူမနဲ့တူတူဆော့သည် သူမကျောင်းသွားရင် ဘေးနားက တောက်လျှောက်ကပ်သည် ကျောင်းပီးသည်အထိ သူမအနားမကပ်ရဲကြဘူး ကျောင်းပီးတော့ ကိုကိုက စစ်ဆေးကိုတက်သည် လေပြေက UFLက စပိန်တတ်သည် သင်တန်းတစ်ခုမှာ ဆရာမပြန်လုပ်သည် စိတ်ရောဂါဆိုင်ရာ ဘွဲ့တခုကိုလဲ ထပ်ကျောင်းတတ်ကာယူထားသည် ကိုကိုမှာ အမေတစ်ယောက်ထဲ ကျန်ပေမဲ့ ကြီးမေက ဆီးချိုရောဂါနှင့် ကိုကို စစ်ဆေးတတိယနှစ်မှာ ဆုံးသွားသည် မဆုံးခင် လေပြေနဲ့ကိုကို ကို ယူစေချင်သည် လေပြေအသက်မပြည့်လို့သာ အားလုံးစောင့်နေကြသည်...
YOU ARE READING
ပဉ္စလက်
General Fictionဖြစ်ရပ်မှန်လဲ ဖြစ်သလို ကံကြမ္မာ အပြောင်းအလဲတခု လဲ ဖြစ်ပါသည် မိန်းကလေးနှစ်ယောက်ကြားတွင် တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတခုပါ (၂၂+)
Part 1
Start from the beginning
