ပဥ္စလက် အပိုင်း (၁)
ဒါဟာ ဖြစ်ရပ်မှန်လဲ ဖြစ်သလို ကံကြမ္မာ အပြောင်းအလဲတခု လဲ ဖြစ်ပါသည် တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတခုပါ
....
.....
.....
လေပြေရေ လေပြေရေ...
ရှင်မေမေ...
ညည်းကလေ အားနေရင် အမေ့ကို ဟင်းချက်ကူရတယ်ဟ
ဘယ်နှယ့် အိမ်ခန်းထဲအောင်းနေတာလဲ...........
လာပီမေမေလာပီ... အော်ပီး အိမ်ခန်းထဲကနေအမြန်ထွက်ခဲ့သည်
လေပြေသည် မိဘစကားကိုနားထောင်ခဲ့သူတစ်ယောက်ပါ ဘယ်တော့မှ မိဘစိတ်ဆင်းရဲတဲ့အလုပ်ကို မလုပ်ဖူးဘူး...တဦးတည်းသော သမီးပီပီ အဖေ့ကိုချစ်သည် အမေ့ကိုချစ်သည်...
...မေမေဘာကူပေးရမလဲ...
ကဲ ဒါက ဒီလိုလုပ်ရတယ် သမီး သြော်ဒါနဲ့ သမီးကိုကို က ရှရှားကနေ ဘယ်တော့ ပြန်လာမှာလဲ လက်ထပ်ဖို့ရော ဘာပြောထားလဲ
...
ရှရှားက လေးနှစ်တက်ရမယ်မေမေ.အခုမှ တစ်နှစ်ကျော်ပဲ ရှိသေးတာမေမေ...
မေမေကသက်ပြင်းတချက်ချပီး ဖေဖေက
မေကြီးရေ မင်းကတော့ ကိုယ်တို့သမီးလေးကို ပေးစားဖို့ပဲတွေးနေတာနော် သမီးကဖြင့် အဖေချစ်လို့မဝသေးဘူး သိလား...
ဆိုပီး အဖေ့အိတ်ထဲက တစုံတရာကိုနှိုက်ပီး
ရော့သမီး သမီးအတွက် ဖုန်းတလုံးဖေဖေဝယ်လာတယ်
သမီး အတွက် ဖေဖေ ဖေ့ဘုတ်စ် မထည့်ထားဘူးနော်
Wechat ကိုထည့်ပေးထားတယ် သမီးကိုကိုက ခိုင်းထားတာ ကျန်တာတွေခိုးမထည့်ရဘူးနော် သမီးသူငယ်ချင်းတွေနဲ့ စကားပြောချင်ရင် wechatကနေပဲ ပြောရမယ်နော်
သမီးကိုကိုကလဲ wechatကနေပဲပြောမယ်တဲ့ ပြောပဲပြောနော်
သမီးလဲ ကိုကို့ကိုချစ်လွန်းလို့ဆိုပီး
ရှရှားကို လိုက်လဲ မသွားနဲ့ဦး.....
လေပြေကမျက်စောင်းတချက်ထိုးပီး
YOU ARE READING
ပဉ္စလက်
General Fictionဖြစ်ရပ်မှန်လဲ ဖြစ်သလို ကံကြမ္မာ အပြောင်းအလဲတခု လဲ ဖြစ်ပါသည် မိန်းကလေးနှစ်ယောက်ကြားတွင် တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတခုပါ (၂၂+)
