တစ်ယောက်ထဲပြောပီးပုံပြောင်းလိုက်ကာwechat ကို အားလုံး အသစ် ပြောင်းလိုက်သည် Biography က အစကနေ အသစ်ရေးလိုက်သည် ရိုးရိုးရှင်းရှင်းလေးပဲထားသည် အဓိကက နိုင်ငံခြားရောက်နေတဲ့ ဝေးနေတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ် စကားပြောနေရရင်ပီးပီပဲ

တင်း ဒင် ဒင်

တင်း ဒင် ဒင်

wechat ကမကိုင်ရသေးဘူး ကိုဇွဲဆီက

သူ့ဖုန်းက ဝင်လာပီ..

ဟလို ပြောလေ...

ချစ်လေးပုံ ဘာလို့ပြောင်းတာလဲ Biography ဘာလို့ပြောင်းတာလဲ....

လာပီး အာရုံတွေစားပီလို့ စိတ်ထဲကျိန်ဆဲရင်း...

ကိုကို ညလေးမယူခင်မှာ လွတ်လွတ်လပ်လပ် အေးဆေးလေးနေပါရစေနော် ညလေးအကြောင်းကိုလဲ ကိုကိုသိပါတယ် ဖေ့ဘုတ်လဲ မသုံးဘူး wechat ဆိုတာလဲ နိုင်ငံခြားရောက်နေတဲ့သူငယ်ချင်းတွေနဲ့ စကားပြောချင်လို့ ဖေဖေ့ကိုပူဆာထားတာပါ....

သိပါတယ်ချစ် ကိုကိုစိတ်ချမယ်နော် ကိုကိုပြန်လာရင် အရင်စေ့စပ်မှာနော် ကတိနော် ဘယ်အကောင်နဲ့မှ စကားမပြောရဘူးနော် စိတ်ချပါရစေနော် ...

အင်းပါ ကိုကို ကတိ ဖေဖေစိတ်ညစ်အောင်မလုပ်ဘူးစိတ်ချ အခုကလိနေတာ လာမနှောက်ယှက်နဲ့ ..ဆိုပီ လေပြေ ဖုန်းချပစ်လိုက်သည်

ဒါတွေပဲ မရိုးနိုင်အောင်ကြားနေရသည် အမြဲပဲ တူတူးမဆီဖုန်းခေါ်မှ ဆိုပီး သူငယ်ချင်း

တူးတူးဆီကို wechatမှ ဖုန်းခေါ်လိုက်သည်..

ဟလို တူးတူးလား...

အမယ်အမယ် wechat သုံးလို့ပါလား ဘာလဲ လေးလေးက သုံးခွင့်ပေးပီလား ကိုကိုက သုံးခိုင်းတာလားလေပြေ...

တူတူး မစပါနဲ့ ဟာ သူငယ်ချင်းရှာချင်ရင် ဘယ်လိုရှာရသလဲ ငါပျင်းနေလို့ပါဟာ နင်တို့ကလဲ ကနေဒါမှာ ငါ စကားပြောဖော်လေးလိုချင်တယ်.....

လေပြေ နင်ရူးနေတာလား မကြာခင်မှာ နင်လက်ထပ်ရတော့မှာလေ နင့်ခင်ပွန်းလောင်းနဲ့ပဲပြောပေါ့ ...

ကောင်မရေ သူနဲ့ပြောနေတာ ဆယ်နှစ်ကျော်ပီ သူနဲ့ပြောနေတာ ရိုးနေပီဟ..

ပဉ္စလက်Where stories live. Discover now