ဟွန့် ဖေဖေကလဲကွာ ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ အပေါ်တတ်ပီ ဖေဖေ... ဆိုပီးလှေကားပေါ်အတတ်

..

ဟိတ် ဟိတ် မကူတော့ဘူးလား မိလေပြေ.... မေမေကလှမ်းအော်သည်

ဖေဖေ မေမေ့ကို ကူလိုက်တော့ သွားကလိပီ...ဆိုပီး လေပြေပြေးတတ်သွားသည်

ဖေကြီးကလဲ ဘာလို့ သမီးကိုလျှောက်ဝယ်ပေးတာလဲ မကြာခင်ပဲ လက်ထပ်တော့မှာလေ ကိုဇွဲ စိတ်ဆိုးနေမယ် ....

သြော်မေကြီးရယ် သမီးက လိမ္မာပါတယ် အခုထိ ကျောင်းတတ်နေရှာတာပါ

ရုပ်ရည်လဲလှတယ် သူ့ကို လာတောင်းတဲ့ တပုံကြီးကို သူရွေးချယ်လို့လား

သူက ကိုဇွဲ နဲ့ပဲ သဘောတူမယ်ပြောထားတော့ ကိုဇွဲကိုပဲ ခေါင်းညိတ်ရှာတာပါ သူတို့နှစ်ယောက်ကငယ်ငယ်ကတည်းက

အိမ်နီးနားချင်းလဲဟုတ်တယ် ကျောင်းလဲတူတူတက်ခဲ့တော့ ကိုဇွဲကိုပဲ သံယောဇဥ်ရှိတာပါ

နှစ်ပေါင်းတောင် ဆယ်ချီနေပီ မေကြီးရေ

သမီးကိုယုံတယ်မေကြီး...

ဖေဖေကရှင်းပြနေသည်

ယုံပါ ယုံပါ အခုတော့ တော်သာကျွန်မကိုကူပေတော့..တော့်သမီးက အပေါ် တတ်ပြီ...

အေးပါကွာ ဟားဟား............

ဆိုပီးအဖေနဲ့အမေစကားပြောကျန်နေခဲ့သည် သူမကတော့အိပ်ခန်းထဲရောက်တာနဲ့

ဖုန်းဖွင့်လိုက်တာနဲ့ wechat မှာ ကိုဇွဲနဲ့သူနဲ့ ရိုက်ထားတဲ့ logoတင်ထားသည်..

သူမ မနှစ်မြို့သလို ခံစားရသည်

ကိုယ်အဖေ ဝယ်ပေးထားတဲ့ဖုန်းကို ကိုယ်ကြိုက်တဲ့ပုံတင်ချင်တယ် ကိုဇွဲကနေရာတကာ ဆရာလုပ်သည် လွန်ခဲ့တဲ့ သုံးလလောက်က မယ်သီလရှင် ဝတ်ဆိုလို့ ဆံပင်အရှည်ကို သူ့အကြိုက် ကတုံးတုံးရတယ် သူမရင်ထဲ

အခုဆံပင်က အီမိုကေလို ဘုတ်သိုက် မသိဘူး အခု selfie ‌ရိုက်ထားတဲ့တစ်ယောက်ထဲပုံပဲ တင်မယ် သူမကြိုက်လဲ မတတ်နိုင်ဘူး ဟီးဟီး အခုကတည်းက ငါအနိုင်ယူထားမှ နို့မို့ မဂ်လာဆောင်ရင် ငါ့နိုင်မှာ ...

ပဉ္စလက်Where stories live. Discover now