အပိုင်း (၁)

Start from the beginning
                                    

" ဘာကိုလဲ "

မယ်ရီက ဟေသာ့အနားခပ်စိတ်စိတ်တိုးလာသည်မို့ ဟေသာသည်လည်းခန္ဓာကိုယ်ကိုအလိုလျောက် နားကိုအသင့်ပြင်ကာရှေ့သို့တိုး ထားပေးမိသည်။

" ဂန္ဓဝင့် ကို လုလုကငြင်းလိုက်တာတဲ့ဟယ် အဲ့သတင်းကကန်တင်းမှာနာမည် ကြီးနေ
တာ "

လုလုဆိုတာ အခုန ဟေသာ ကြည့်နေမိတဲ့ နောက်ဆုံးအတန်းထောင့်ဘက်က စာသင်ခုံရဲ့ပိုင်ရှင် ... လူဘုန်းသန့်ဖြစ်သည်။

လူဘုန်းသန့် ကလျှပ်စီးကြောင်းနဲ့တူတယ်လို့ ဟေသာဘာကြောင့် တွေးမိလိုက်မှန်း သူကိုယ်တိုင်တောင်မသိပေ။ အခုပြန်စဉ်းစားကြည့်မှရယ်ချင်စရာဖြစ်သည်။ လူဘုန်းသန့် ဟာ ဟေသာ သိသလောက်အဆင်ပြေတဲ့လူမျိုးပါ။ တစ်ခါတစ်လေတော့လည်း အေးတိ အေးစက်နိုင်ပေမယ့်ထူးပြည့်ဝ နဲ့အတူ တူရှိရင်တော့ ထိုကောင်လေးကပေါ့ပေါ့ပါးပါးဖြစ်သည်။

" လူဘုန်းသန့် ကအဆင်ပြေပါတယ် "

ဟေသာ ပြောလိုက်မိသည်။ လူဘုန်းသန့် က ချုံကြည့်ရ‌သလောက် ကျောင်းသားတစ်ယောက်အနေနဲ့ဆို စည်းကမ်းမလိုက်နာတတ်သလိုရှိပေမယ့် အဆင်ပြေပါတယ်။

လူဘုန်းသန့်က သူတို့ကျောင်းရဲ့ king တွေလို‌မွတ်နေအောင် မချောနေပေမယ့်လည်းသူ့ဘာ သာသာသူဘောင်တန်းဝင်သည်။ အား ကစားသမားဖြစ်သည့်အလျောက် အားလုံးနဲ့လည်း အဆင်ပြေပြေပေါင်းသင်းတတ်တာကသူတို့မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။

" ငါက လူဘုန်းသန့်က အဆင်မပြေဘူးလို့ပြောလို့လား ... လူဘုန်းသန့် ကအဆင်ပြေတယ်လေအကုန်လုံးနဲ့လည်းပြေတယ် မပြေတာက ဂန္ဓဝင် ကိုငြင်းလိုက်တာ "

" အင်း "

" အမှန်ဆို သူအနေနဲ့ ဂန္ဓဝင်ကိုငြင်းစရာမလိုတာလေ ... တွဲလိုက်ရောပေါ့ ဂန္ဓဝင် က
ဒီလောက်လှတာကို ၊ ဘယ်‌လောက်မိုက်မလဲ ကြက်တောင်ချန်ပီယံနဲ့ ကျောင်းရဲ့အလှ လေး "

ဂန္ဓဝင်ဒီလောက်လှတယ်ဆို ဟေသာအပြည့်အဝကိုလက်ခံပေမယ့် ဒီလောက်လှတဲ့ ဂန္ဓဝင် ကို လူဘုန်းသန့် မတွဲတာက ဟေသာလည်းမတွေးတတ်ပေ။

" သူက ဂန္ဓဝင်နဲ့တွဲရမှဖြစ်မှာမို့လို့လား "

" အင်း ... အဲ့လိုဆိုတော့လည်း နင်ပြောမှစဉ်းစားမိတယ် သူ့လိုလူက ဂန္ဓဝင် နဲ့တွဲမှဖြစ်မှာလားနော် ... နင်ကော ဘယ်လိုထင်လဲ ဒီကိစ္စမှာ လူဘုန်းသန့် ဘာကြောင့်ငြင်းလိုက်တယ်ထင်လဲ "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now