Final - 19(uni+Zg)

Start from the beginning
                                    

လွှဲမှားနေသောယူဆချက်အား မှန်ကန်သည်ဟုထင်မှတ်နေသောအနောက်ဒေသ၏သခင်လေးကြောင့် ဘုရင်မင်းမြတ်က ခေါင်းခါ၍

"အသင်လမ်းမှားနေပြီ.......ထားပါလေ လိုရင်းကိုပဲပြောပါမယ်.......အသင်ကအရှေ့ဒေသရဲ့အကြီးအကဲကိုသတ်ဖြတ်ပြီးဒေသကိုကြီးစိုးထားတယ်ဆိုတာမတရားသောနည်းလမ်းပဲ ဒါကိုအရှေ့ဒေသကပြည်သူတွေကလည်းဒေါသထွက်နေကြတယ် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရတယ်......ရေရှည်မှာအပြန်အလှန်ကလဲ့စားချေတယ့်စစ်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဟန်နိုင်ငံဧကရာဇ်နှင့်ကျွန်ုပ်တိုင်ပင်ပြီး ဒီလိုဆုံးဖြတ်ချက်ချလိုက်တယ်........"

ဘုရင်မင်းမြတ်၏စကားကို Jungkook က သေချာအာရုံစိုက်ကာနားထောင်နေသည်။

"အလဲအထပ်လုပ်ပါ.......Park သခင်လေးနဲ့ ဒေသနှစ်ခုကို အလဲအထပ်လုပ်ပါ"

ဘုရင်မင်းမြတ်၏စကားကြောင့် Jungkook၏ မျက်ဆံတို့လှုပ်ခတ်သွားပြီး အတွေးရှုပ်သွားရသည်။

"နောင်အခါမှာဘယ်လိုစစ်ပွဲမှမဖြစ်တော့ဖို့အတွက် အခုလိုဆုံးဖြတ်လိုက်ရခြင်းပဲ......အသင်ရဲဲ့ဒေသနဲ့ အရှေ့ဒေသကိုဂျိုဆွန်းပြည်လက်အောက်ထဲ ပေါင်းစည်းစေပြီး အသင်ကသခင်မျိုးရိုးကနေ သာမန်ပြည်သူအနေနဲ့ရှေ့ဆက်ရမယ်........အသင့်ရဲ့ကြင်ယာတော်နဲ့အတူပေါ့........တကယ်လို့လက်မခံဖူးဆိုရင်တော့ကျွန်ုပ်ကိုမထီမဲ့မြင်ပြုတာဖြစ်တယ်လို့ သတ်မှတ်ပြီး အသင်မတရားနည်းနဲ့သိမ်းပိုက်ထားတယ့်ဒေသရယ် Park သခင်မျိုးရိုးရယ်ကိုကျွန်ုပ်ဘက်ကပြန်အရယူရလိမ့်မယ်.......Park မျိုးရိုးကနန်းတွင်းအတွက် အကူအညီအများကြီးဖြစ်စေခဲ့တာကြောင့် Parkမျိုးရိုးရဲ့ဂုဏ်သိက္ခာအတွက်အခုလိုလုပ်ရခြင်းပဲ........"

"အကယ်၍ ကျုပ်ကသဘောတူရင်ရောကျုပ်ကြင်ယာကိုမထိဘူးမဟုတ်လား....."

Jungkook၏ အလျင်စလိုမေးလာသည့်မေးခွန်းကြောင့် ဘုရင်မင်းမြတ်အံ့အားသင့်သွားရသည်။

"ကောင်းပါပြီ..... ဒါဆို ကျုပ်ရဲ့ဒေသနဲ့ကျုပ်ရဲ့ဂုဏ်ပုဒ်ကို စွန့်လွှတ်မယ်.......အဲ့ဒီအစားကြင်ယာတော်ကိုသာ ပြန်မခေါ်သွားကြပါနဲ့~~~"

You've reached the end of published parts.

⏰ Last updated: Mar 03 ⏰

Add this story to your Library to get notified about new parts!

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now