14(uni+Zg)

963 122 15
                                    

အိပ်တန်းတက်သည့်ကျေးငှက်တို့၏ အသံကပတ်ဝန်းကျင်ကိုဖုံးလွှမ်းနေပြီး တညိမ့်ညိမ့်စီးဆင်းနေသော စမ်းချောင်းလေးနှင့်အနောက်ခံတောင်တန်းတွေကြားပုန်းကွယ်နေသောနေမင်း၏မြင်ကွင်းက လွမ်းဆွေးစရာပင်။ လေတစ်ချက်အဝှေ့တွင် စမ်းချောင်းလေး၏မြစ်ဖျားတည်ရာသစ်မန်းပင်မှသစ်ရွက်လေးများကြွေကျသွားသည်။ ထိုအပင်က်ိုမော့ကြည့်၍ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

ဒီကိုရောက်လာကတည်းက ဒဏ်ရာတွေကြီးပဲရနေတယ်.........။

သပ်ရပ်စွာစီးနှောင်ထားသောအဝတ်ဖြူဖြင့်လက်ဖဝါးကိုကြည့်ရင်း လူတစ်ယောက်ကအမြင်အာရုံထဲဝင်လာသဖြင့်မျက်လုံးနှစ်ဖက်ကိုအလျင်ပိတ်လိုက်ရသည်။

"ကျက်သရေမရှိ!!"
ညာဘက်လက်ဖဝါးတွင်အဝတ်ဖြူဖြင့်စည်းထားသည်ကိုကြည့်၍သက်ပြင်းထပ်ချမိပြန်သည်။

"ကြင်ယာတော်ခင်ဗျ"

တစ်ယောက်တည်း အတွေးကိုယ်စီဖြင့်ယောက်ယက်ခတ်နေသည့်အချိန်တွင် အနောက်မှခေါ်သံကြောင့် ရှုပ်ထွေးနေသောစိတ်တို့ကနှစ်ဆပို၍ရှုပ်ထွေးသွားသည်။

"နေဝင်နေပါပြီ ကြင်ယာတော်......သခင်လေးကနေမဝင်မှီပြန်လာခိုင်းထားတာပါ....အခုက"

"ကျွန်ုပ်ဘာသာနေဝင်ဝင် နေမဝင်မဝင် ကျွန်ုပ်ကိစ္စ! အသင်တို့ပြန်ချင်သပဆိုပြန်ကြ!!"

"ဒါပင်မယ့် သခင်လေးက..."

"အဲ့ဒီသခင်လေးဆိုတယ့်သူကိုပါပြောလိုက်!! သူ​ပြောတိုင်းလုပ်ရအောင်ကျွန်ုပ်ကသူ့ကျွန်မဟုတ်ဘူးလို့!! သူကိုယ်တိုင်ကျတော့ ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိရတာကို ဟိုလိုလုပ်ဒီလိုလုပ်နဲ့!!!! မောက်မာလိုက်တယ့်သူ!!!"

Jiminသည် တွေးရင်းတွေးရင်းဖြင့် ထိုနေ့ညကအကြောင်းပြန်တွေးမိသွားသည်။ ထိုနေ့ညကစကားများခဲ့ကြပြီး မနက်တွင်သခင်ကြီးJeon၏ အခေါ်လွှတ်မှုကြောင့် ထွက်သွားသူကပြန်၍ရောက်မလာခဲ့ပေ။ သူသည်လည်းအိမ်ထဲကအိမ်အပြင်မထွက်ချင်တာကြောင့် နှစ်ရက်တိတိအိမ်တွင်းပုန်းနေခဲ့လိုက်မိသည်။ ထိုနှစ်ရက်အတွင်းသူ၏ခင်ပွန်းကရောက်မလာသော်လည်း မနက်စာ၊နေ့လည်စာ၊ညစာများက ပုံမှန်ရောက်လာခဲ့သည်။

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now