ရွှယ်လင် ကသူ့ပခုံးများ တွန့်ပြလိုက်သည်။

“ ကျွန်တော်လည်းမသိဘူး…ဒါက…ကျွန်တော့်ကိုတော်တော်လေးခေါင်းကိုက်စေပေမဲ့ နန်းတော်ထဲကိုသွားဖို့လိုနေတုန်းပါပဲ…”

သူက ထူးကဲခန့်ညားစွာ မွေးဖွားလာခဲ့သော်လည်း ဘာမျှမသိနားမလည်သော အပြစ်ကင်းသည့်အမူအရာမျိုး ပေါင်းထည့်လိုက်သည့်အခါ အလွန်အမင်းစင်ကြယ်သန့်ရှင်းပုံပေါ်နေခဲ့သည်။

ထိုသို့ ပုံစံနှစ်မျိုးရှိနေသောလူမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးသည့် ချုံဟွေ့နှလုံးသားထဲ စိတ်လှုပ်ရှားသွားသည်။

“ ကျွန်တော်နဲ့ စစ်သူကြီးက တစ်မျိုးတစ်ဖုံ သိကြတယ်ဆိုထဲက စစ်သူကြီး ကျွန်တော့်ကိုငြင်းမှာ မဟုတ်ဘူးလို့ထင်လိုက်မိတာပါ…”

ရွှယ်လင်က ထိုစကားကို နောက်ဆုံးတွင် ထပ်ထည့်ပြောလိုက်သည်။

ချုံဟွေ့ အံ့အားသင့်သွား၏။ သူက သူ့မြေခွေးနှင့် ပစ်ပေါက်မခံရမီ ထိုထူးဆန်းကာ စိတ်ဝင်စားဖွယ်ကောင်းသောသူနှင့် မည်သို့ဆုံခဲ့ရသည်ကို လုံးဝပြန်မမှတ်မိပေ။

ရွှယ်လင်က သူ ရှားရှားပါးပါးအံ့အားသင့်နေမှုကိုမြင်တွေ့ရသောအခါ ပြုံးလိုက်သည်။

“ စစ်သူကြီးမေ့နေတာလား… လွန်ခဲ့တဲ့ရက်အနည်းငယ်ကကျွန်တော်အကြာကြီး သိမ်းထားခဲ့တဲ့ လူအများတောင်းဆိုခဲ့တဲ့ ပန်းချီကားက စစ်သူကြီးအိမ်တော်ထဲရောက်သွားတယ်လေ…"

ချုံဟွေ့ အံ့ဩရပြန်သည်။ သူက တောက်ပနေသောမျက်လုံးများဖြင့် ရွှယ်လင့် အကြည့်များထဲတွင် အသိစိတ်ကိုရှာဖွေနေသည်။

ကံမကောင်းစွာဖြင့် ထိုကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများမှာ နှစ်တစ်ထောင်သက်တမ်းရှိသော မြေခွေး၏ စိတ်ဝိဉာဉ်အတွက် လုံးဝအသုံးမ၀င်ပေ။ ရွှယ်လင်က လုံးဝအေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။

မင်းရဲ့ထူးချွန်တဲ့လက်ထောက်တပ်မှူးက အဲ့ပန်းချီကားကို ယူသွားတာတောင်ကြာပြီ…အခုမင်းရဲ့မျက်နှာကိုလှည့်ထားပြီး တစ်ယောက်ယောက်ကိုမသိဘူးလို့ပြောနေတာလား…

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now