"ဘာဖြစ်လို့လဲ…"

ဘာလို့ သူ(ရွှယ်လင်)က သူ့ကို မြေခွေးနှင့်ပစ်ပေါက်ရတာလဲ…

အမှန်တကယ်မှာ ရွှယ်လင်က ပန်းတစ်ပွင့် ပစ်ချခဲ့ချင်သော်လည်း သေချာစဉ်းစားကြည့်သောအခါ ပန်းတစ်ပွင့်ဆိုလျှင် ပရောပရည်ဆန်နေမည်ဟု ထင်မိသည်။ စစ်သူကြီး အမျက်ထွက်သွားလျှင် မတန်ပေ။

ကံမကောင်းစွာဖြင့် သူပစ်ချရန် သင့်လျော်သောအရာလည်း ရှိမနေပေ။အကယ်၍ သူက ပြတင်းပေါက်ဘောင်ကြီးကို သတိမဲ့စွာပစ်ချလိုက်လျင်လည်း စစ်သူကြီးကိုထိသည်ဖြစ်စေ မထိသည်ဖြစ်စေ အရေးမကြီးပေ။အဓိကအချက်မှာ ရွှယ်လင်ကိုယ်တိုင် စိတ်ရှုပ်၍ ချီတုံချတုံဖြစ်ခြင်းအမျိုးမျိုးကို ခံစားနေရခြင်းပင်။

နောက်ဆုံးတွင် ဇာတ်လမ်းက ဖန့်ကျင်းလျန် နှင့် စီမန်ချင်း တို့ ပုံစံအတိုင်း ပိုတိုးတက်လာပုံရသည်။
(ဖန့်ကျင်းလျန်ဇာတ်ကားထဲမှ ဇာတ်ကောင်နာမည်များဖြစ်သည်။)

သူ ထိုအကြောင်း စဉ်းစားနေစဉ် စစ်သူကြီးက သူ့ပြတင်းပေါက်အောက်တွင် မြင်းစီးကာ ဖြည်းဖြည်းချင်းဖြတ်သွားနေပေပြီ။

ရွှယ်လင်ကအကူစနစ်လေးအား ကိုယ်ထင်ပြရန် အမိန့်ပေးခဲ့ပြီး သူ့ကိုချီလိုက်ကာ အောက်ထပ်သို့ပစ်ချလိုက်ရာ အကူစနစ်လေးအား သေလုနီးပါးကြောက်လန့်သွားစေသည်။

၎င်းမှာ အနည်းငယ်မသင့်လျော်သော်လည်း ထိုသူ၏ မျက်လုံးများက သူ့အပေါ်ရောက်ရှိနေပြီဖြစ်သောကြောင့် ရွှယ်လင် တွေးမနေတော့ဘဲ အေးဆေးစွာ ပြုံးပြကာ သူ့အင်္ကျီလက်များကို ပြန်ပြင်ရင်း စကားစပြောလိုက်သည်။

“ ဒီနေ့က နန်းတွင်းစာမေးပွဲနေ့ပါ… ဒါပေမယ့် ကျွန်တော့်ကိုအကြောင်းကြားဖို့လာတဲ့ လူကနန်းတော်ထဲဘယ်လိုဝင်ရမယ်ဆိုတာကျွန်တော့်ကိုမပြောသွားဘူး.. စစ်သူကြီးလည်း မြင်းစီးရင်းဖြတ်သွားတယ်ဆိုတော့... အဲ့ဒါကြောင့်ပဲ ဒီလိုလုပ်လိုက်တာပါ... စစ်သူကြီးက သဘောထားကြီးကြီးနဲ့ လမ်းညွှန်ပြပေးလိမ့်မယ်လို့မျော်လင့်ပါတယ်…”

စစ်သူကြီး မူလကပြောရန်ရည်ရွယ်ထားသောစကားလုံးများသည် သူ့စကားများကြောင့် တိုက်ရိုက်ကြားဖြတ်ခံလိုက်ရသည်။ သူက ထိုလူအား စိတ်ရှုပ်ထွေးသောမျက်လုံးများနှင့် ကြည့်လိုက်ပြီး ဦးနှောက်ထဲတွင်လည်း အတောမသတ်နိုင်သောအတွေးများနှင့်.. နောက်ဆုံးတွင်အသံတိတ် သက်ပြင်းချလိုက်သည်။
“ အခု ဧကရာဇ်က ဘာ လုပ်ဖို့ရည်ရွယ်နေတာလဲ …”

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now