အပိုင်း(၄၂)

Start from the beginning
                                    

စနစ်က အကောင်းဆုံး ဂျုံကို အသုံးပြုပေးထား၍ ဖြစ်နိုင်သည်။

စနစ် “ဂျုံစေ့ကို မကြိတ်ခင် အကောင်းဆုံး ဂျုံစေ့တွေကို ရွေးချယ်ပြီးမှ အခွံချွတ်တယ်။ ပြီးမှ ကြိတ်တာပါ”

"ဂျုံစေ့တွေကို ရိုးရာနည်းအတိုင်း ကျောက်တုံးကြိတ်စက်မှာ ကြိတ်တယ်။ ဂျုံစေ့ထဲမှာပါဝင်တဲ့ အာဟာရဓာတ်ကို အလဟဿမဖြစ်အောင် အပူချိန်ကို လျော့ထားတယ်။ ကျောက်တုံးကြိတ်စက်တွေမှာ ကြိတ်ရင် အာဟာရဓာတ်တွေကို ထိန်းထားနိုင်တယ်"

"အဲ့ဒီအာဟာရဓာတ်တွေထဲမှာ ပရိုတိန်း၊ဂလူတင်၊ကယ်ရိုတင်း၊ကာဗွန်ဟိုက်ဒရိတ်၊ကယ်ဆီယမ်၊ဖော့စပေါရပ်စ်၊အိုင်းယွန်း၊ဗီတာမင် ဘီ၁၊ဘီ၂ အစရှိတာတွေ ပါဝင်တယ်။ သာမန်ဂျုံထက် ကယ်ရိုတင်းနဲ့ဗီတာမင် အီး ‌ပိုပေါကြွယ်ဝတာကို တွေ့ရတယ်။ ဒီ့အပြင် ဂျုံစေ့တွေကို ဖြေးဖြေးချင်း ကြိတ်တဲ့အတွက်ကြောင့် ဂျုံစေ့တွေမှာရှိတဲ့ မော်လီကျူးတည်ဆောက်ပုံကို မပျက်စီးစေဘူး။ အရောင်အဆင်း၊အနံ့အရသာအတွက် ဓာတုပစ္စည်း‌တွေ သုံးစရာမလိုဘူး"

"မူလအရောင်က အဝါရောင်ဖြစ်ရတဲ့ အကြောင်းအရင်းက လူသားတွေရဲ့အာရုံကြောစနစ်နဲ့ အရေပြားတစ်ရှူးတွေကို ကောင်းမွန်စေတဲ့ ဗီတာမင် ဘီ ပေါကြွယ်ဝလို့ပဲ"

ယွမ်ကျိုးစားလိုက်သော ခေါက်ဆွဲက စနစ်မှ အထူးပံ့ပိုးထားသော ဂျုံခေါက်ဆွဲဖြစ်သည်။ ယွမ်ကျိုးက သူ့ခံတွင်းထဲ ဝင်သွားသော ခေါက်ဆွဲများကို အကြိမ်ပေါင်းများစွာ လှည့်ပတ်ကြိတ်ချေသည်။ တစ်ကိုက် စားကြည့်ရုံဖြင့် ခေါက်ဆွဲ၏အရသာ ထူးခြားမှုကို သိနိုင်သည်။ မုန့်ညှက်နယ်စဉ်အတွင်း ဖြစ်ပေါ်လာသော မွှေးရနံ့သည် ခေါက်ဆွဲအသားတွင် ထွက်ပေါ်လာသည်။ တစ်ကိုက်စားကြည့်ရုံဖြင့် ရွှေရောင်ဂျုံခင်းထဲ လွင့်မျောနေသည်ဟု ခံစားရသည်။ နတ်သုဒ္ဓါ စားနေရသည်ဟု ထင်မှတ်မိသည်။ အဓိက ပါဝင်ပစ္စည်းက ခေါက်ဆွဲဖြစ်ပြီး တခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများက ခေါက်ဆွဲ၏ဖြည့်ဖက် ပစ္စည်းများသာ ဖြစ်သည်။ ထူးကဲစွာ ဖြည့်စွက်အသုံးပြုထားသော တွင်းဆားနှင့် အံ့ဩဖွယ်ကောင်းသော စွပ်ပြုတ်က အဓိကပါဝင်ပစ္စည်း၏အရသာကို ပို၍ ကောင်းမွန်စေသည်။ ဝါးစားရန်သင့်လျော်သော  ခေါက်ဆွဲအသားများသည် ချောမွေ့ပြီး အလွယ်တကူမြိုချနိုင်သည်။ နင်ခြင်းနှင့် အစာရေမျိုတွင် ကပ်ညှိစရာအကြောင်းမရှိပေ။ အကြောင်းမူကား အစာအိမ်သည် ခေါက်ဆွဲများကို များသထက်များများစားရန် တောင်းဆိုနေသောကြောင့် ဖြစ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now