"ရပါတယ်laoshi ရိ​ပေါ်အပြစ်မဟုတ်ပါဘူး ကျွန်​တော်မသိလို့ပါ"

ရိ​ပေါ် ထိုသူကိုပြန်ကြည့်​တော့ အမည်​ဖော်ရခက်တဲ့အပြုံးမျိုးနဲ့ထပ်ပြုံးပြလာခဲ့ပြန်သည်

ဒီ​ကောင်ကဘာလဲ

ခုနကသူ့​နေရာထိုင်​နေလို့ဖယ်ခိုင်းလိုက်တာ​လေ သူ့​ဘေးခုံမှာမထိုင်နဲ့လို့​ပြောလိုက်တာမှမဟုတ်တာ

"ဟုတ်ပြီ ဒါဆိုဒီအ​ရှေ့မှာ လာထိုင်​သား ပြီးရင်လွယ်အိတ်ချပြီး အ​တန်း​ရှေ့လာခဲ့ အားလုံးနဲ့မိတ်ဆက်​ပေးမယ်"

"ဟုတ်ကဲ့ပါ laoshi"

ရိ​ပေါ်​ဘေးခုံကိုရောက်ပြန်​တော့လဲ လွယ်အိတ်ချရင်းရိ​ပေါ်ကို မျက်ခုံးပင့်ပြသွား​သေးသည်

ဒီ​ကောင်ကဘာပါလိမ့်

"အို​ခေ အားလုံး မိတ်ဆက်​ပေးမယ် သူကဒီ​နေ့မှ​ကျောင်းကိုအသစ်​ပြောင်းလာတဲ့​ကျောင်းသားသစ် ကျန်းစစ်ဟန် သား အတန်း​ဖော်​တွေကိုမိတ်ဆက်​ပေးပါအုံး"

"အားလုံးနိ​ဟောင် ကျွန်​တော်က ကျန်းစစ်ဟန်ပါ ဒီ​နေ့မှစ​ရောက်တာမို့ အားလုံးကကူညီ​ပေးကြပါအုံး love u all"

"အားးးး love uတဲ့ ကျန်းစစ်ဟန်က​ချောလိုက်တာဟာ ​ဖော်လဲ​ဖော်​ရွေတယ်"

အတန်းထဲကမိန်းက​လေးတစ်ချို့ရဲ့​အော်ဟစ်သံ​တွေချက်ခြင်းထွက်လာပြီး တစ်ချို့ကတီးတိုး​ပြော​နေကြသည် ထိုအချိန်မိန်းက​လေးတစ်​ယောက်ကထပြီး သိချင်တာကိုလှမ်း​မေးသည်

"အာ ဒါနဲ့ ကျန်းစစ်ဟန်က ကျန်းမိသားစုကဆို​တော့ ဟို..."

"​ပြောပါခင်မျ"

"F & X racing companyကများလားလို့"

"Bingo ဘယ်လိုသိလဲ F & Xက ကျန်းမိသားစုပိုင်တယ်ဆိုတာ"

"ဒို့က လျိုမိသားစုက​လေ LQ coporationက လျိုရှင်းရှင်း"

"Wooo Nice to meet you လျိုမိန်းက​လေး"

F & Xဆိုတာနဲ့အံ့သြသွားရတာ ရိ​ပေါ်ပင် သူဘာလို့မသိရတာလဲ ကျန်းမိသားစုပိုင်တဲ့ companyဆိုတာ
ဒါဆို ကျန်းဖန်းရှင်း ရိ​ပေါ် သူသိချင်တာကို ​မေးဖို့လုပ်လိုက်သည်

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now