ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Start from the beginning
                                    

“မလိုဘူး... ဆုလက်ခံပြီး ဓာတ်ပုံရိုက်ရုံပဲ...”

“အဲလောက်တောင် ရိုးရှင်းတာလား...”

ယင်းကျောင်းက ရေသန့်ဘူးခွံကို အမှိုက်ပုံးထဲထည့်လိုက်ပြီး ထိုင်ခုံကိုမှီရင်း မကျေမနပ်ပြောလာသည်။

“ဘယ်လိုတောင်မွဲနေတဲ့ကျောင်းလဲ... ဆုကြေးကလည်း တွန့်တိုလိုက်တာ... ၃၀၀၀တည်း... ချီးမြှင့်တဲ့အခမ်းအနားကလည်း ရိုးရှင်းလွန်းတယ်... အနည်းဆုံးတော့...

သူဆုံးအောင်မပြောလိုက်နိုင်ခင်မှာဘဲ ခေါင်းကို ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရတော့သည်။

ဆရာလျိုက မည်းမှောင်နေသောမျက်နှာကြီးဖြင့် ဘေးတွင်ရောက်နေသည်။

“မင်းအတွက် ကော်ဇောနီတစ်ချက်ခင်းပေးပြီး ပန်းပွင့်ချပ်လေးတွေပါ ကျဲပေးစေချင်သေးလား... ဟမ်...”

“ကောင်းပြီ..”

ယင်းကျောင်းက နှုတ်ခမ်းများကို ပင့်မြှောက်လိုက်သည်။

“ကျွန်တော်မစောင့်နိုင်တော့ဘူး...”

ဆရာလျိုမှာ အသက်ရှူကြပ်သွားတော့သည်။

“ကျင်းစစ်အရှေ့မှာ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့... ကိုယ့်စာကိုပဲ အာရုံစိုက်စမ်းပါ... ဒီတစ်ခေါက်နောက်ဆုံးသင်္ချာစာမေးပွဲမှာ အမှတ်ပြည့် ဒါမှမဟုတ် အမှတ်မြင့်မြင့်ရအောင် ဖြေပေးရမယ်...

ယင်းကျောင်းကခေါင်းညိတ်သည်။

ဆရာလျိုက သူ့ကို မှုန်ကုပ်ကုပ်ကြည့်လိုက်ပြီး စင်ပေါ်ကိုသွားကာ အတန်းစလေ၏။

နေ့လည်ပိုင်း ဆုပေးပွဲမစခင် ဆရာလျိုသည် အတန်း၇ရှိကျောင်းသားများကို အထူးမှာကြားလိုက်သည်။

“နောက်ပြီးရင် ဒီနေရာမှာ ထိုင်ပြီး မင်းတို့ခေါင်းဦးအိပ်ဖို့ အသုံးမဝင်လောက်ဘူးလို့ထင်တဲ့ စာအုပ်တစ်အုပ်ကို ယူလာခဲ့ကြ... မမေ့ကြနဲ့...”

အောက်မှာရှိနေေသော ကျောင်းသားကျိုးတိုးကျဲတဲက ပြန်ဖြေလေသည်။

“သိပါပြီ—”

ဆရာလျိုက အောက်ကို တစ်ချက်ကြည့်လိုက်သည်။ ကျောင်းသားတချို့က “May 3”ကို ယူလာကြပြီး တချို့က မှတ်စုစာအုပ်များ ယူလာကြသည်။ တချို့ကတော့ ပန်းချီစာအုပ်များ ယူလာကြသည်။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now