"၁၀နာရီလောက်တည်းက ရောက်နေတာ ခု ပြန်တော့မယ်.."

"ဟော စိတ်ကလဲ ရှည်လိုက်တာနော် ဒီလောက် ၂နာရီခွဲကျော်ကျော်လောက်စောင့်နေရတာကို တွေ့တာ ၂စက္ကန့်လောက်ပဲရှိသေးတယ် ..ဘာလဲ dadyကို တအားလွမ်းနေတာလား မြင်ရပြီဆိုတော့ ပြန်တော့မယ်ပေါ့ အ့လိုလား.."

"ဟွန့်.."

ဂျီမင် နှုတ်ခမ်းလေးစူကာ ဂျောင်ကု ရင်ဘတ်အား ခပ်ဖွဖွလေးထုလိုက်သည်။

"လာ သွားမယ် .."

"ဘယ်လဲ.."

"နေ့လယ်စာရော စားပြီးပြီလား.."

"ဘယ်လို စားရအုံးမာလဲ..dadyကို စောင့်နေတာလေ..."

"Sorryပါဗျာ babyလာမယ်လို့ ကြိုပြောထားပါ့လား.."

"Surprise ဖြစ်မလားလို့လေ.."

"ဖြစ်တယ် ..လွမ်းနေတာ.."

"ပိုပြီ လွမ်းရင်လာတွေ့ပေါ့.."

"အလုပ်မှ မအားတာ.."

"ထားပါတော့..."

ဂျောင်ကုတို့ နေ့လယ်စာစားပြီး ပြန်လာတော့ ကုမ္ပဏီတွင် ထယ်ယောင်နဲ့ ယွန်ဂီတို့ရောက်နေလေသည်။

"သူက ဘယ်လိုပါလာတာလဲ"

"ပါလာတာမဟုတ်ဘူး မင်းတို့မရောက်ခင်တည်းက babyကအရင်ရောက်နှင့်နေတာ ပြီးတော့ ငါတို့အတူနေလယ်စာ သွားစားတယ်.."

"အော်.."

"Dady အလုပ်များနေရင် babyပြန်တော့မယ်လေ...တော်ကြာ အလုပ်ရှုပ်နေအုံးမယ်"

"ရတယ် မပြန်နဲ့ dadyနဲ့အတူပြန်မယ်.."

"ဟုတ်..."

ဂျောင်ကုတို့ အလုပ်စာပွဲမာ ၃ယောက်သား ခေါင်းချင်းဆိုင်ကာ ဆွေးနွေးခန်း ဖွင့်ကြတော့သည်။ ဂျီမင်ကတော့ ဟိုကြည့်သည်ကြည့် လိုက်ကြည့်နေမိသည်။

"ကဲ နောက်နေ့မှ ဆက်မယ်.."

"ဂျောင်ကု..."

"ဘာလဲ.."

"အ့ကောင်လေးက တမျိုးလေး.."

"တမျိုးမဟုတ်ဘူး နှမျိုး.."

"Jjk..ငါအတည်ပြောနေတာ မနောက်နဲ့.."

"မင်းတို့နှယောက်ဘာဖြစ်နေတာလဲကွာ ရုပ်ကြီးတေက အတည်ပေါက်ကြီးနဲ့ ငါကြောက်လာပြီ"

🌺အငြိုး🌺Where stories live. Discover now