"အာ ဟုတ်သားပဲ​​မေ့​နေတာဟီးး ကိုယ့်မျက်နှာမြင်တာနဲ့အကုန်​မေ့သွားတာ"

Seanစကား​လေး​ကြောင့် ရိ​ပေါ် ​ဘေးမှာဝင်ထိုင်ရင်း seanကိုချစ်မဝစွာကြည့်ပြီး ပြုံးလိုက်မိသည်

Seanက​ ခါးကိုဖက်ထားတဲ့လက်က​လေး​တွေကိုလွှတ်လိုက်ပြီး ကိုယ့်လက်ထဲက​ရေခဲမုန့်ကိုလှမ်းယူလိုက်​တော့ ကိုယ်က သူ့​ခေါင်း​လေးကိုဖွဖွ​လေးပွတ်​ပေးလာသည် Seanက​တော့စ​တော်ဘယ်ရီ​ရေခဲမုန့်​လေးက အရသာရှိလွန်းလို့ ကိုယ့်ကိုလက်မ​လေး​ပါထောင်ပြလိုက်​သေးသည်

"တစ်ခုတည်းလား ကိုယ်ကမစားဘူးလား"

"အချစ်စား​နေတာမြင်ရင် ကိုယ်ဗိုက်ပြည့်တယ်"

"အပိုကလုပ်ပြီ"

"မပိုရပါဘူးဗျာ"

"အင့် နည်းနည်းစား"

သူ့​မျက်နှာ​ရှေ့ကို ​ရေခဲမုန့်အတင်းထိုး​ပေးလာတဲ့ အချစ်​ကြောင့် ရိ​ပေါ် အသံထွက်သည်အထိရယ်မိသည်

"ဘာလို့ရယ်တာလဲ ရယ်စရာပါလို့လား"

သူ့အ​မေးကိုမ​ဖြေဘဲ ရယ်မြဲတိုင်းရယ်​နေတဲ့သူ​ကြောင့် သူ့မျက်နှာမှာများ ​ရေခဲမုန့်​တွေ​ပေ​နေသလားလို့ ပါး​တွေ​ရော နှုတ်ခမ်း​တွေ​ရော လက်​ချောင်း​လေး​တွေနဲ့သုတ်ကြည့်​တော့မရှိ ​ဘေးကလူကြည့်​တော့လဲ ရယ်​နေတုန်းပဲ

"ဘာလို့ရယ်နေရတာလဲလို့"

"အား sean seanလွှတ်အုံး"

"မလွှတ်ဘူး ဘာလို့ရယ်တာလဲ ပြီးရင်ပြန်ပြင်​ခေါ်လိုက်"

နားရွက်အဆွဲခံ​နေရတဲ့ကြားက ပြန်ပြင်​ခေါ်လိုက်ဆိုတဲ့စကားကို အသည်းအသန်စဥ်းစားရသည် ပြီးမှ သူသ​​ဘော​ပေါက်သွားပြီး

"အားးးအချစ် အချစ်လို့ လွှတ်ပါအုံး"

ရိ​ပေါ်​တော်​တော်လဲ​အော်မှပဲ နားရွက်ကိုလွှတ်​ပေးလာသည် လက်သည်းချွန်ချွန်​လေး​တွေကတစ်ကယ်နာတာ

"ရယ်အုံးမှာလား"

"မရယ်​တော့ပါဘူး"

"ဘာလို့နားရွက်ဆွဲတာလဲသိလား?"

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now