“ရင်နာ ရင် ဆီလူး ..ဆီလူး တော်ရေ .. “

အော်ပြီ ထားထားဦးက
“ လာ ..မြကျော် ခေါ်ရင်”

မြကျော် လက်ကိုဆွဲကတော့ပွဲရွက်၊  ထိုင်ရှည် ပေါ်ကနေ ထဖို့ ပြင်သည်။

ထိုအခိုက် အလှူအိမ်ကနေ သမီးနှစ်ယောက် လက်ဆွဲ ပြီ အမေက အချိန်ခိုက်၀င်လာသည်။

သည်အချိန် သည်အခိုက် အမေ့ကို မြကျော် ဘယ်လို ကျေးဇူးတင်မှန်းမသိ တင်သည်။

ချက်ချင်းထိုင်ပြီ ကန်တော့ ပစ်ချင်စိတ်ပေါက်အောင်  ကျေးဇူးတင်၏။

အမေ့ကျေးဇူး မြင့်မိုရ်ဦး အချိန်ခိုက် ရောက်လာပြီ ဇနီးလောင်းနဲ့

ကြီးဒေါ်ကြား ညှပ်နေသည့် ကျွန်တော်
မောင်မြကျော်ကို အမေ ကယ်သည်လေ။

အမေ့မြင်တော့ ထားထားဦးက မျက်နှာကြောကလေး လျော့ ထိုင်ရှည်ပေါ်
ပြန်ထိုင်သည်။

အမေ့ကလည်း အဖီ ထဲ ၀င်လာပြီ ထားထားဦး မျက်နှာ မြင်သည်နှင့် ပြုံးသည်။

ထားထားဦးက အမေ့အပြုံး မြင်တော့ ရှက်သလိုဟန်ဖြင့် မျက်နှာကလေးကိုအနည်းငယ် ငုံ့လိုက်၏။

အငယ်မ နှစ်ယောက်က ပြုံးဖြီးဖြီးကလေးတွေဖြင့် ချက်ချင်း  ထားထားဦးနဲ့ မြကျော်ကြား လာ၀င်ထိုင်သည်။

မြကျော် က အမေ့ကို အချက်ပြဟန်ဖြင့် လှမ်းကြည့်သည်နှင့် အမေ့ကသား အကြောင်း အလိုက်သိစွာ သူမကိုပြန်တိုင်ဖို့ စကားစနေသည့် ကြီးဒေါ် ကို စကားလမ်းလွှဲသည်။

အလှူက လူစည်တဲ့ အကြောင်း ၊ဘိသိတ်ဆရာက အဟောအပြော အလွန်ကောင်းတဲ့ အကြောင်း ၊ဆိုင်းထဲလိုက်တဲ့ လူရွှင်တော်ကြီးကဟာသ ပြောတာ ဘယ်လို ကောင်းကြောင်း အမေက အာပေါင်အာရင်သန်သန်ဖြင့် ပြော။

အငယ်မနှစ်ယောက်က လည်း အားကျမခံရယ်မောပြီ အမေ့စကားကို ထောက်ခံသည်။

ထောက်ခံရင်  ထားထားဦး လက်ကိုတို့ တို့ပြီ

“ဟုတ်ပါတော် မမထားရေ ...လူပျက်ကြီး နှစ်ယောက်က သိပ်ရယ်ရတာပဲတော့ ..”

“မမထား မကြည့်လိုက်ရ လို့ နာတာပဲ..”

ညီမ နှစ်ယောက်က ရှေ့နောက် ဆင့် စကားတွေ ညီတော့ မြကျော်ပြုံးလိုက်သည်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now