"ဟမ် ဘယ်ကိုလဲ ဘယ်ကို သွားမှာလဲ''

"ရင်ပြင် ကိုလေ ကိုယ် လူစုခိုင်းထားတယ် မင်းနဲ့မိတ်ဆက်ပေးမလို့''

"အ..အခုလား ''

"အင်း လေ အခုပေါ့ ဘာလို့လဲ''

မိုရာနည်းနည်းတော့ ကြောက်မိသည်။.မနက်က အိပ်ရာနိုးထဲက ခါရူးကို မတွေ့ရပေ။.ဘီဘီ ကရောက်လာပြီးစားဖို့သောက်ဖို့အကုန်ပြင်ပေးသည်။ပြီးတော့ ချန်ကထပ်ဟ ရောက်လာပြီး အဆင်သင့်ပြင်ထားပါလို့ပြောသွားပေမဲ့ အခုလို တွေ့ဆုံပေးမယ်မှန်းမသိပေ။ အခုတော့ခါရူးက ရောက်လာပြီး ချက်ချင်းကြီး အကုန်လုံး နဲ့တွေ့ဖို့ ပြောလာသည်။

"ဟို...နည်းနည်းတော့ကြောက်တယ် အခုချက်ချင်း ကြီး ဆိုတော့''

"မကြောက်ပါနဲ့ ကိုယ်ရှိတယ်လေ ''

"ဟို ခများရဲ့ပထမဇနီး ရှိသေးတယ် လေ သူကလက်ခံပါ့မလား''

"သြော်..နာရာက သဘောကောင်းပါတယ် သူကလက်ခံမှာပါ ပြီးတော့သူနဲ့ကိုယ်က ငယ်ငယ်ထဲက မောင်နှမ လိုပဲနေခဲ့တာ မိဘတွေရဲ့ဆန္ဒကြောင့်သာလက်ဆက်ခဲ့ရတာလေ''

"ဒါပေမဲ့သူ နဲ့ခများနဲ့လက်ဆက်ပြီးတာကြာလှနေပြီလေ ပြီးတော့ ဇနီးကလဲ သူတစ်ယောက်ထဲ ရှိတာမလား အခုကျမှ ကျွန်တော် ကပေါ်လာတာဆိုတော့ ''

"ကဲ အတွေးတွေများနေပြန်ပြီး ကိုယ်က မျိုးနွယ်စုရဲ့ခေါင်းဆောင်လေ ဇနီးဘယ်နှယောက်ယူယူ ဘယ်သူမှအပြစ်ပြောလို့မရဘူး မျိုးနွယ် စုရဲ့ အကြီးအကဲ တွေတောင် ဇနီးတွေအများကြီးရှိတဲ့အပြင် အပျော်မယားတွေပါရှိသေးတာပဲ အာ့တာကြောင့် ဘာမှ မစိုးရိမ်နဲ့နော် ''

"အင်း.. ''

"လာ သွားကြမယ်''

မိုရာလဲ ခါရူးကမ်းပေးတဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ခါရူးခေါ်ရာ နောက်ကိုပဲ လိုက်သွားလိုက်သည်။ဟိုရောက်တော့ လူတွေကအများကြီးပင် မျိုးနွယ်မှာ ရှိသမျှလူအကုန်လို့တောင်ထင်ရသည်။မိုရာလဲ ခါရူးလက်ကို ကျစ်နေအောင်သာဆုပ်ကိုင်ပြီး ခါရူးသွားရာနောက်ကိုသာထပ်ကြပ်မကွာလိုက် သွားလိုက်၏။ရင်ပြင်ဆိုပေမဲ့လဲ ဟောကြီးတစ်ခုလို အကျယ်ကြီးဖြစ်သည်။'အီ' မျိုးနွယ်ရဲ့ ရင်ပြင်ထက်ပိုတောင်ကျယ်သည်။ခါရူးက လူတွေအကုန်လုံးရဲ့ထိပ်ဆုံးက စင်မြင့်လေးကိုရောက်တော့ အဲ့စင်မြင့်လေးပေါ်ကို တက်လိုက်ပြီး မိုရာ့ကိုလက်ကမ်းပေးသည်။မိုရာလဲ ခါရူးကမ်းပေးတဲ့လက်အပေါ်ကို မိုရာ့လက်ကိုထပ်တင်ပြီး စင်မြင့်အပေါ်ကိုတက်လိုက်သည်။အကုန်လုံးက ခေါင်းကိုငုံ့ထားတာဆိုတော့ မိုရာ့ ကို ဘယ်သူမှ မမြင်ကြသေးပေ။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Όπου ζουν οι ιστορίες. Ανακάλυψε τώρα