အပိုင်း (3)

149 13 0
                                    

တောင်ခြေသို့ဆင်းလာချိန်တွင် နံနက်၈နာရီပင်ရှိလေပြီဖြစ်သည်။
ထို့ကြောင့်အိမ်သို့တန်းမပြန်ဘဲ စျေးသိူ့၀င်လာခဲ့၏။
ရှုပ်ထွေးလှသောစျေးလမ်းကြီးအား တဖြည်းဖြည်းဖြတ်ကျော်လျက် လာရင်း ဆိုင်တစ်ဆိုင်သို့အရောက်တွင် ဆိုင်ကယ်အားရပ်လိုက်၏။

"နန်းကြီးသုပ် ၂ပွဲ တစ်ပွဲကအစပ်လျော့မယ်"

သိပ်မကြာမီပင် စားပွဲပေါ်သို့ကျရောက်လာသောနန်းကြီးသုပ်၂ပွဲမှ အစပ်လျော့ထားသော ပွဲအား နွေ့ရှေ့သို့ချပေးလိုက်၏။

"နွေအစပ်မစားနိုင်တာ ဘယ်လိုသိတာလဲ"

"မင်း ငယ်ငယ်က ဘယ်နှခါအစပ်စားဖူးလို့တုန်း ငရုတ်သီးသေးသေးလေးကိုက်မိရင်တောင် ရေ၁လီတာလောက်သောက်နေပြီးတော့"

တိမ်ညို့စကား​ကြောင့် နွေမှာ ရယ်ချင်စိတ်နှင့်အတူ ရှက်စိတ်များပါ၀င်ရောက်လာ၏။

"အစ်မ...."

"တိမ်ညိုလို့ပဲခေါ်ပါဆိုကွယ် တို့ကိုအစ်မလို့ခေါ်တာ မင်းတစ်ယောက်တည်းရှိတော့ သိပ်မရင်းနှီးလို့..."

"ဒါဆို ရင်းနှီးအောင် အစ်မလို့ပဲခေါ်မယ်လေ တိမ်ညိုဆိုတဲ့နာမ်စားကလူတိုင်းခေါ်နေတော့ နွေကအစ်မလို့ပဲခေါ်တော့မယ်..."

"ကဲ သဘောပါရှင် သဘောသဘော...ဒါနဲ့ခေါ်ပြီးဘာပြောမှာလဲ ပြော..."

"နွေ့ကိုလေ အရင်ကအကြောင်းတွေပြန်ပြောပြပါလား..."

"အရင်က...."

တိမ်ညို့မှာစဥ်းစားဟန်ဖြင့် နန်းကြီးသုပ်တို့ကိုသာ ခေါင်းမဖော်တန်းစားလေသည်။
နွေသည်လည်း တိမ်ညို့ထံမှမည်သည့်စကားသံမှမထွက်လာ၍ အစားကိုသာဦးစားပေးတော့၏။

ထို့နောက်..ရွာ၏တောင်ဘက်ပိုင်းရှိ ရေကန်ကြီးဆီသို့ဦးတည်ခဲ့၏။ထိုအနီးနားတွင်ရှိသော ကုက္ကိုပင်အောက်၌ ဆိုင်ကယ်အားရပ်ကာ ခုံတန်းပေါ်တွင်ထိုင်စေ၏။

"ဒီနေရာကိုမှတ်မိလား...လွန်ခဲ့တဲ့နှစ်တွေတုန်းက အတိအကျပြောရရင် မင်းအသက် ၄လလောက်ပဲရှိဦးမယ် အရီးလေးခင်ပြုံးက ဟိုးဘက်နားက အရင်က၀ါးဇရပ်လေးရှိတယ် အဲ့မှာမင်းကိုတွေ့ခဲ့တာတဲ့ ကြာကန်နားမှာတွေ့ပြီးအသာကဖြူဥလို့ဆိုပြီးတစ်ရွာလုံးကကြာဥလို့ခေါ်ခဲ့ကြတာတဲ့လေ....အရီးလေးကလည်း ကလေးချစ်တတ်တာဆိုတော့ အဲ့တုန်းက တို့အဖိုးကသူကြီးလေ အင်း...သူ့ဆီမှာ မွေးစားဖို့ခွင့်တောင်းခဲ့တယ် အဲ့ကတည်းကတစ်ရွာလုံးရဲ့အချစ်တော်ဖြစ်ခဲ့တော့တာပဲ..."

မြတိမ်ညိုWhere stories live. Discover now