"ဘယ်သွားမလို့ပါလဲ ကြင်ယာတော်......"

"ဒီလိုပါပဲ......လမ်းလျှောက်ထွက်မလို့ပါ"

"အာ......လမ်းလျှောက်ထွက်တာလား.....အဲ့ဒါဆိုရင်တော့ဆက်လျှောက်ပါ Mi Jar က သခင်လေးကိုလိုက်ရှာနေတယ်ထင်လို့......လိုက်ရှာနေတာဆိုရင်တော့ Mi Jar ရဲ့ အိပ်ဆောင်မှာရှိပါတယ်သခင်လေးလိုက်တွေ့ချင်"

"မလိုဘူး!"

အရင်စကားစပြောလာသောသူမကြောင့် မကောင်းတတ်သဖြင့် လိုသလောက်ပဲပြောသော် လည်းနောက်ဆက်တွဲစကားတွေမှာ ရင်က်ိုပူလောင်လာစေသည်။

"ကျွန်ုပ်သူ့ကိုရှာစရာအကြောင်းမရှိပါဘူး........သူ့ဘာသာ အသင့်အိပ်ဆောင်ကိုပဲရောက်ရောက်ဘယ်ကိုပဲရောက်ရောက် နောက်ဆုံး ဆောင်ကြာမြိုင်ကိုရောက်နေရင်တောင်ကျွန်ုပ်နဲ့မဆိုင်ဘူး ဒီလောက်နဲ့ပဲခွင့်ပြုပါဦး မိန်းကလေး"

Jiminသည် သူ့အား လှောင်ရယ်ဟန်ဖြင့်ပြောချင်နေသောMi Jar ကြောင့် ယောက်ျားတစ်ယောက်ဖြစ်ပါလျက် တခြားယောကျာ်းတစ်ယောက်အတွက်ပြိုလဲနေမည့်သူမဟုတ်သည့်အကြောင်းကို စကားအဖြစ်ပြောခဲ့လိုက်ပါသော်လည်း မဲမှောင်နေသည့်မျက်နှာထားဖြင့် သူ့အားစူးစိုက်ကြည့်နေသောသူရှိနေသည်ကို သိခဲ့ပါလျှင်ထိုသို့ပြောထွက်ခဲ့မည်လော........။

=======================

သခင်ကြီးJeon၏အိမ်တော်အခြေအနေ အစောင့်တပ်သားအနေအထားကိုအကဲခတ်ပြီးနောက်တွင် အစောင့်တပ်သားသိပ်မရှိသော်လည်း အကင်းပါးလွန်းသောသခင်ကြီးJeon​ကြောင့် သူကိုယ်တိုင်ဆောင်ရွက်ရန်မဖြစ်နိုင်သဖြင့် ကြားခံဆောင်ရွက်ပေးမည့်သူလိုအပ်သည်ဟုတွေးမိသည်။ တစ်ယောက်တည်းသာနေသောသခင်ကြီးJeonအားလုပ်ကြံရန်လွယ်ကူသော်လည်း သူ့လက်ဖြင့်မစီမံချင်သဖြင့် မည်သို့ဆက်လုပ်ရမည်ကိုတွေးတောနေစဥ် အိမ်တော်ဘက်သို့လျှောက်လာသော စားဖိုဆောင်မှအ​စေခံအမျိုးသမီးသုံးဦး။ လက်ထဲတွင်လည်းစားပွဲဝိုင်းငယ်များကိုကိုယ်စီကိုင်ထားကြသေးသည်။ အရှေ့ဆုံးမှအမျိုးသမီးသည် Jiminအား ခေါင်းညွတ်ကာအရိုအသေပေးသည်။

"ဒါက အကြီးအကဲJeonအတွက်လား"

Jiminသည် အမျိုးသမီးတို့လက်ထဲမှစားပွဲဝိုင်းငယ်တို့ကိုမေးဆတ်ပြ၍မေးလိုက်သည်။ အရှေ့ဆုံးမှ အမျိုးသမီးက ခေါင်းညိတ်ပြ၍

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Tahanan ng mga kuwento. Tumuklas ngayon