ရန်သူဟာ မထင်ထားတဲ့ အောက်တန်းကျမူ့တွေသုံးကာ စစ်ကိုပြင်လျက်ရှိတာကို သိလိုက်ရတာကြောင့် အံ့သြမူ့နဲ့အတူ ထိတ်လန့်သွားကြ၏။

''မျက်လုံးတွေနီနေမယ် ခွန်အားကြီးမယ် wolf formအတိုင်းဆိုတော့ အသိစိတ်လုံးဝပျောက်သွားပြီး သားရဲတိရစ္ဆာန်လိုဖြစ်သွားတဲ့အခြေအနေပဲ.."

ဆေးဘက်ဆိုင်ရာအမတ်ကြီးက ထောက်ပြပြောဆိုသည်။

''မကောင်းတဲ့လူကိုနတ်ဆိုးပူးကပ်မှတော့ မကောင်းတာတွေပဲဖန်တီးတော့မှာပေါ့...ငါတို့ဖက်က ဘာတွေ​ပြင်ဆင်ထားဖို့လိုလဲ"

ဥပဒေရေးရာအမတ်ကြီးရဲ့ တထိတ်တလန့်အမေးကို စစ်သူကြီးJeonက

''စစ်ပွဲမှာ ကြောက်နေရင်ရှုံးတာပဲ...တရား​သောစစ်​ဖြစ်ဖို့လိုတယ်..အကြောက်တရားမဲ့ တိုက်မှ စစ်ဟာအောင်တယ်...ဒါပေမယ့် သားရဲလိုကောင်တွေကြောင့် စစ်သည်ကောင်းတွေ မဆုံးရှုံးချင်ဘူး...စမ်းသပ်နေတဲ့အနေအထားဆိုတော့ အချိန်တစ်ခုကြာအုံးမှာပဲ...ကျုပ်တို့ဖက်မှာ အကောင်းဆုံးအ​နေအထား​ဖြစ်​အောင် ပြင်ဆင်ချိန်ရှိပါသေးတယ်"

''Hertzက နဂိုကထဲက စစ်သည်အင်အားများတဲ့နိုင်ငံ သားရဲတပ်ကြီးဖြစ်ပြီဆိုမှတော့ မတွေးရဲစရာပဲ...Hertzနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ Xylemနဲ့ Alcazaက စစ်ပွဲကိုအရင်ရင်ဆိုင်ရပြီး Quireကတော့ ပင်လယ်ခြားနေတာကြောင့် နောက်ကျနိုင်တယ်..ဒါပေမယ့်Quireက စစ်ပွဲဖြစ်လာရင် Hertzတွေကိုရင်ဆိုင်ဖို့ စစ်သည်အင်အား နည်းပါးလွန်းတယ်...ကျိန်းသေရှုံးနိမ့်မှာပဲ..."

အရှင့်ရဲ့စကားအဆုံး ဘဏ္ဍာ​ရေးအမတ်ကြီးက

''ဟောကိန်းအရဆိုရင် Xylemမှာမီးနက္ခတ်နဲ့မွေးဖွားလာတဲ့ စစ်သူကြီးJeonရှိတယ်..
Alcazaက ရှားပါးသဇင်ပန်းနံ့ရှိပြီး ရေနက္ခတ်နဲ့လူပဲလိုတော့တာ ...အချိန်မီရှာနိုင်ခဲ့ရင် နတ်ဆိုးRutthanကိုတားဆီးနိုင်မှာပဲ"

လက်တွေ့ကျကျ မျိုးစုံစဥ်းစားကြတာတောင် အဖြေရှာမတွေ့တာ။Alcazaနိုင်ငံကြီးထဲ ဘယ်ဆီရှိနေမှန်းမသိတဲ့လူကို ရှာချင်နေတဲ့အဖိုးကြီးက အကြောက်လွန်ပြီး ဦး​နှောက်ပျက်သွားတာလား။

The Warrior's OmegaWhere stories live. Discover now