" မင်းကမောင့်အတွက်လက်ဆောင်ပဲလေ ဘာတွေပေးချင်နေသေးတာလဲ ပေးချင်ရင်အချစ်တွေသာပေး မောင်ကလက်ခံဖို့အဆင်သင့်ပဲ "

" ငါ့အချစ်တွေအကုန်မင်းအတွက်ပဲလေ
ဆွန်းဟန် "

ထိုစကားအဆုံးသတ်သည်နှင့် Wonbin နှုတ်ခမ်းထက်အနမ်းတို့ကျရောက်လာခဲ့ပြီး အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းအား တစ်လှည့်စီစုပ်ယူနမ်းရှိုက်ပြီးနောက် Wonbin နှုတ်ခမ်းဟမိသည်နှင့် ဆွန်းဟန်၏လျှာသည်နှုတ်ခမ်းအတွင်းသို့ဝင်ရောက်လာပါတော့သည်။

ဤသို့ဖြင့် ကုတင်ပေါ်တွင်အနမ်းချင်းစစ်ခင်းနေကြသော အချစ်ငှက်လေးနှစ်ဦး၏ဘေးတွင် မွေးနေ့ရှင်ထံမှပစ်ပယ်ခံထားရသည့်ကိတ်မုန့်လေးသည် အဖော်မဲ့လျက်....။

////

ညကညဉ့်နက်မှအိပ်ထားသော်လည်း ဘေးတွင်လစ်ဟာနေမှုကြောင့် Wonbin အိပ်ရာမှစောစောနိုးလာခဲ့သည်။

ထိုအချိန်တွင် ရေခန်းတံခါးပွင့်လာပြီး တဘက်တစ်ထည်သာ ပတ်ထားသော
ဆွန်းဟန်က ရေချိုးခန်းထဲမှထွက်လာသည်။ ရေများတွဲလွဲခိုနေသောအပေါ်ပိုင်းသည် အဖုအထစ်များနှင့်ကြည့်ကောင်းနေပြီး တော်ရုံနှင့် မျက်စိမလွှဲချင်စရာပင်။

" နိုးနေပြီလား မောင့်အချစ်လေး "

" အပိုတွေ နိုးတဲ့အထိအနားမှာနေမပေးဘဲနဲ့များ "

ဆွန်းဟန် ကိုမျက်နှာလွှဲကာပြောလိုက်တာကြောင့် စိတ်ကောက်သွားပြီမှန်းသိလိုက်ရသည်။ဆွန်းဟန်သည်လည်း သူ့ဘေးမှ မထရလျှင် ဒုက္ခရောက်နိုင်တာမို့ ရေချိုးခန်းထဲပြေးရတာပင်။ကိုယ့်အကြောင်းကိုယ်သာသိသည်။

" Binn မနက်စောစောစိတ်ကောက်ရင်ဘာဖြစ်လဲသိလား "

" .... "

" မောင် ပိုချစ်တာပေါ့ဗျာ ၊ မောင့်ကိုစိတ်မဆိုးပါနဲ့ဗျာနော် ၊ မောင်မနက်ခင်းလေ့ကျင့်ခန်းထလုပ်ရလို့ပါဗျာ တမင်မနေပေးတာမဟုတ်ရပါဘူးနော် "

" ဘာလေ့ကျင့်ခန်းလဲ "

" လက် "

ဆွန်းဟန်စကားကြောင့် အူကြောင်ကြောင်လေးဖြစ်သွားသော Wonbin သည် အိပ်ရာနိုးကာစမို့ ထိုးထိုးထောင်ထောင်ဆံပင်က‌လေးများနှင့်ပေါင်းစပ်လိုက်သည့်အခါ အသည်းယားစရာလေးဖြစ်နေပြီး ကောက်ပွေ့ပစ်ချင်စရာလေးပင်။

He is MineWhere stories live. Discover now