"ဒါဆိုဘာလို့ကွယ်ရာမှာ ချစ်တယ်ပြောပြီးငိုနေရတာလဲ ရှေ့တင်ဒဲ့သွားပြောပါတော့လား မင်းဒီလိုကွယ်ရာမှာပဲငို ကွယ်ရာမှာပဲချစ်တယ်ပြောနေရင် ရှောင်းကျန့်က ဘယ်လိုလုပ်သိမှာလဲကွ"
"ငါပြောမထွက်ဘူး ငါ့ရဲ့စကားတွေနဲ့အပြုအမူက ရှောင်းကျန့်ရဲ့အသနားခံမှုနဲ့ မထိုက်တန်ဘူးလို့ထင်တယ်"
"အဲ့ဒါက မင်းအထင်လေဝမ်ရိပေါ် အကယ်၍သာ ရှောင်းကျန့်လိုချင်နေတဲ့အရာက သူ့ကိုအမှန်တကယ်ဖွင့်ပြောလာမှကိုသာဆိုရင် မင်းဘယ်လိုလုပ်မလဲ"
"ငါ...ငါမသိတော့ဘူးရိုဟန်"
"မင်းေ-သချာစဉ်းစားပါဝမ်ရိပေါ် မင်းမှာအချိန်သိပ်မကျန်တော့ဘူး ငါဒါပဲပြောမယ်"
ဆိုကာ ပြော၍ထွက်သွားသောရိုဟန်ရဲ့စကားကိုရိပေါ်နားမလည်ပါ။ သူ့အတွေးတွေနဲ့သူ နစ်မျောလျက် ရှောင်းကျန့်ရှိရာကိုပြန်လာခဲ့သည်
...................................................................................
ရိပေါ် အခန်းသို့ရောက်တော့ ပစ္စည်းတွေထည့်နေတဲ့ဝမ်ချင်နဲ့ရှောင်းကျန့်ကြောင့်
"ဒါက ဘယ်သွားကြမို့လဲ"
ဝမ်ချင်က
"Dr.က ဆေးရုံဆင်းလို့ရပြီတဲ့လေ ရှောင်းကျန့်ကလည်း ဆေးရုံမှာမနေချင်ဘူးတဲ့ အဲ့ဒါကြောင့်ပြန်ကြတော့မလို့"
"အမ်? အင်း..."
အထုတ်တွေထုတ်ကာ အထုတ်သုံးပုံ နှစ်ပုံကိုဝမ်ချင်နဲ့ ရိုဟန်က သယ်သွားကာ
"ရှောင်းကျန့်ရေ အနောက်ကလိုက်ခဲ့နော်"
"ဟုတ်ကဲ့ဝမ်ချင်"
ရိပေါ်က အထုတ်တွေကိုငုံ့ကြည့်လျက် ရှောင်းကျန့်ကိုကြည့်ကာ
"အိမ်ပြန်မလို့လား"
"အင်း"
"ဟို...နေကလည်းေ-သချာတော့မကောင်းသေးဘူးလေ နောက်ပြီး အခုမှမနက်၁၀နာရီပဲရှိသေးတာလေ ညနေမှအေးဆေးပြန်လည်းရတာပဲကိုး"
"ငါ့မှာလုပ်စရာတွေရှိသေးတယ်"
"လုပ်စရာတွေ?"
"အင်း မင်းဘာပြောချင်လဲ ငါ့ကို"
"ဟမ် အမ်း...ငါကဘာပြောရမှာလဲ"
YOU ARE READING
🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]
Fanfiction❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့ရှောင်းကျန့်နဲ့ ရည်းစားတွေပွေရှုပ် အပျော်အပါးမက်တက်တဲ့ဝမ်ရိပေါ်။ တတိယလူပေါ်လာတဲ့အခါ တစ်ဖက်သက်အချစ်နဲ့ရှောင်းကျန့်ကရောဆက်ချစ်နိုင်ပါဦးမလား ရည...
🌸Final🌸
Start from the beginning