🌸Part -22🌸

Începe de la început
                                    

"ရှောင်းကျန့် ပါးစပ်ဟ "

"ငါမဆာဘူး"

မဆာဘူးပြောလိုက်၍ မျက်နှာညှိုးငယ်သွားသောရိပေါ်

"ဒါလေးစားလိုက်ပါကွာ မင်းမနေ့ညကတည်းက ဘာအစာမှမရှိဘူးမလား စားလိုက်ပါနော်"

"ဝမ်ရိပေါ် မင်းကလေ ငါ့ကိုတော်တော်စိတ်ရှုပ်အောင်လုပ်တဲ့သူပဲ"

ရိပေါ် သူခွံ့ကျွေးနေတဲ့ဆန်ပြုတ်ကိုမစားပဲ သူ့ကိုစိတ်ရှုပ်တယ်လို့ပြောနေတဲ့ရှောင်းကျန့်ကို သူတကယ်စိတ်မဆိုးပါဘူး အဘယ်ကြောင့် သူဟာ အခုချိန်ကစပြီး သူ့ရဲ့အချစ်တွေကို ရှောင်းကျန့်မြင်အောင်ပြသပြီး ရှောင်းကျန့်ပေးသမျှအပြစ်ကို သူခံယူတော့မှာမို့လို့ပင်။ သို့သော် ရှောင်းကျန့်ရဲ့စကားက သူ့နှလုံးသားကိုနာကျင်စေသည်။ ဒါကြောင့် မျက်ဝန်း၌ နီစွေးစွေးဖြစ်လာကာ

"ဟုတ်တယ် ငါကစိတ်ရှုပ်စရာကောင်းတယ် ဒါပေမယ့် ရှောင်းကျန့် မင်းကတော့ ငါ့အတွက်စိတ်ရှုပ်စရာမဟုတ်ဘူး ဒါကြောင့် မင်းဘာပြောပြော ငါခံနိုင်ရည်ရှိတယ် ဆန်ပြုတ်လေးတော့စားလိုက်ပါကွာ နော်ရှောင်းကျန့်"

ရိပေါ်စကားတွေကြောင့် ရှောင်းကျန့်အတွေးများသွားသည်

(ငါမင်းကိုပြောတာတွေလွန်ခဲ့တာတောင် မင်းငါ့ကိုစိတ်မဆိုးဘူးလားရိပေါ်  ငါ့ကိုကြစွန့်ပြစ်သွားပြီး ဘာလို့အခုကြဆန်ပြုတ်တောင်လာတိုက်နေရတာလဲ ဘာလို့ငါ့ကိုစိတ်ပူနေတဲ့ပုံစံတွေလုပ်ပြနေရတာလဲ)

ရှောင်းကျန့် ရိပေါ်ကိုဘာမှဆက်မပြောတော့ပဲ ခွံ့ကျွေးတဲ့ဆန်ပြုတ်ကိုသာသောက်လိုက်သည်။ ဆန်ပြုတ်တစ်ဝက်ကျိုးသည်အထိ သောက်ပြီးနောက် ရှောင်းကျန့်က

"ငါမသောက်နိုင်တော့ဘူး"

"တစ်ဝက်ပဲရှိသေးတာကို ရှောင်းကျန့်ကလဲ"

"ငါရေခဲမုန့်စားချင်တယ်ရိပေါ်"

"ဟမ် အခုလား"

"အင်း"

"အခုဆိုမရလောက်ဘူးထင်တယ် ဆိုင်ကဒီနဲ့ဆိုအတော်ဝေးတယ်ရှောင်းကျန့်"

"မသိဘူး ငါစားချင်တာပဲသိတယ် မင်းမဝယ်ပေးနိုင်ဘူးလား အဲ့ဒါဆိုလည်းရတယ် ငါမစားတော့.."

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Unde poveștirile trăiesc. Descoperă acum