"မင်းကို ငါမပြောထားဘူးလား ဒီဝရံတာ မီးလုံးကို မဖွင့်ထားပါနဲ့လို့ တစ်လတစ်လ မီတာခက များရတဲ့အထဲ ငါ့ကို အပိုဝင်ငွေကုန်အောင် မလုပ်စမ်းနဲ့"

ဒါဟာ Rikuအမြဲပြောတဲ့စကားပါ။အဲ့လို ပြောတိုင်း Daeyoung က အခန်းထဲကနေပဲ နံရံကိုမှီပြီး Rikuကို ကြည့်နေတတ်တယ်။ပြီးရင် ဝရံတာဘက်ထွက်လာပြီး စကားပြောမယ်။

"ညဘက်ကြီး အိမ်ပြန်လာရတာ အန္တာရယ်များတယ် မီးထွန်း‌ထားတော့ လမ်းကို ကောင်းကောင်းမြင်ရတယ် မီတာခ ငါ ရှင်းမှာမို့ မင်းပါးစပ်ပိတ်ထား" ဆိုတာမျိုး။

Rikuတို့အခန်းက အဆောက်အဦးရဲ့ သုံးလွှာမှာ။ဝရံတာမီးသာ ထွန်းထားရင် အောက်က လမ်းကို ကောင်းကောင်းမြင်ရတယ်။

"မင်းတစ်ယောက်ထဲ ရှင်းရင် ငါကလူဆိုးကောင်ဖြစ်မှာပေါ့ ဒီခလုတ်လေးပဲ ပိတ်ရတာ မင်းအတွက် ဘာအပန်းကြီးနေလဲ"

Rikuက ပြောလဲပြောရင်း Daeyoung အခန်းထဲဝင်ပြီး ဝရံတာ မီးခလုတ်ကို ပိတ်လိုက်တယ်။Daeyoungကို မျက်စောင်းတစ်ချက်ထိုးပြီး အခန်းထဲ ပြန်ဝင်လာခဲ့တယ်။ဝရံတာ တံခါးကိုပိတ်ပြီးမှ အခန်းထဲက နံရံကို မှီချပြီး ကိုယ့်ရင်ဘတ်ကိုယ် ဖိလိုက်တယ်။

၂၀၀၀ခုနစ်ကနေ ၂၀၀၂ခုနစ်ထိ ၂နှစ်လုံးမှာ သူတို့နှစ်ယောက်ပြောဖြသ်တဲ့စကားဟာ အဲ့ဝရံတာကမီးလုံးကို ပိတ်ဖို့ပဲဖြစ်တယ်။

၂၀၀၀ခုနစ်ရဲ့ အစပိုင်းမှာ Rikuက တစ်ယောက်တည်း အိုဆာကာကို တက်လာခဲ့တယ်။ဖူကူအီက မိဘတွေနဲ့မဆက်သွယ်တော့ပဲ တစ်ယောက်ထဲနေဖို့ ဆုံးဖြတ်ခဲ့ချိန်ပေါ့။အဲ့အချိန်တုန်းက Riku က အသက်၁၉နှစ်ပဲ ရှိသေးတာမို့ တစ်ယောက်တည်းနေဖို့ အဆင်ပြေပါ့မလား စိတ်ပူနေသေးတာ။Rikuကိုယ်တိုင်လဲ စိတ်ပူခဲ့တယ်။တက္ကသိုလ်က တက်ရအုံးမယ့်အပြင် နေထိုင်စားသောက်ဖို့ ရုန်းကန်ရမှာမို့ အများကြီး စိုးရိမ်နေခဲ့တာ။

တော်သေးတာက Rikuက မျက်နှာရွှင်ရွှင်နဲ့ အာသွက်လျှာသွက်လေးမို့ အလုပ်လုပ်သမျှဆိုင်တိုင်းကလူတွေက ချစ်ကြတယ်။ကလေးငယ်ငယ်လေးမို့ ကူညီပေးကြတယ်။အိမ်ရှင်အဒေါ်ကြီးက ဘေးအခန်းမှာလဲ တက္ကသိုလ်ကျောင်းသားတစ်ယောက် လာနေမှာ ရင်းရင်းနှီးနှီးနေကြဖို့ ပြောတုန်းက Rikuက ပျော်သွားခဲ့သေးတယ်။အဲ့ဒီသူက Kimမျိုးရိုးမှန်း မသိခင်အချိန်ထိပေါ့။

SILENCEWhere stories live. Discover now