ည၁၀နာရီခွဲလောက်မှာ Rikuက အဆောင်ခန်းကို ပြန်ရောက်တယ်။အဆောင်ခန်းက ကျဉ်းကျဉ်းလေး။ခုတင်မရှိပဲ ကြမ်းပေါ်မှာ ဒီအတိုင်း အဖြူရောင် ဂွမ်းစောင်ကို ချခင်းထားတယ်။ထမင်းစားဖို့ စားပွဲတစ်ခု ထိုင်ခုံတစ်ခု။ထမင်းဟင်းချက်စားဖို့ ခါးလောက်ရှိတဲ့ အုတ်စားပွဲတစ်ခုနဲ့ ဒယ်အိုးနှစ်လုံး။အပြင်ကလမ်းကိုမြင်နိုင်တဲ့ ဝရံတာတစ်ခုလဲရှိသေးတယ်။
အဆောင်ခန်းထဲ ဝင်ဝင်ချင်း ဝရံတာမီးဟာ ပွင့်နေပြန်တယ်။Rikyက စိတ်ညစ်သလို သက်ပြင်းတစ်ချက်ချလိုက်တယ်။Rikuအခန်းနဲ့ဘေးကပ်ရပ်မှာ နောက်အခန်းတစ်ခုရှိတယ်။တစ်ကယ်တော့ နှစ်ခန်းပေါင်းမှာ အခန်းကျယ်တစ်ခန်းဖြစ်မှာဆိုပေမယ့် အရင်အိမ်ပိုင်ရှင်က သူ့ယောင်္ကျားနဲ့ ရန်ဖြစ်ပြီး အခန်းကို နှစ်ခြမ်းပိုင်းလိုက်တာတဲ့။
အခန်းနှစ်ခန်းက အရှေ့တံခါးကသာ နှစ်ခုဖြစ်နေတာ။ဝရံတာကတစ်ခုတည်း
အခန်းနှစ်ခန်းက ဝရံတာတံခါးပေါက်ကနေ ဟိုဘက်ခန်းဒီဘက်ခန်းကူးလို့ရတယ်။Rikuက စစချင်းတုန်းက တွေးမိတယ်။ဒီလင်မယားနှစ်ယောက်ဟာ အလုပ်ရှုပ်ခံပြီး အခန်းကို ခွဲပစ်လိုက်တာပဲ။မဟုတ်လဲ ဝရံတာတံခါးကနေ ကူးနေလို့ရသေးတာကို ဘာကြောင့်များ ခွဲနေသေးတာလဲ။Rikuက ကျောပိုးအိတ်ကို တိုင်မှာချိတ်ပြီး ဝရံတာကို ထွက်ခဲ့တယ်။
ဘေစခန်းကနေတဲ့ ကောင်လေးကို သူအမြဲတမ်းပြောရတယ်။ဝရံတာမီးကို ဖွင့်မထားဖို့၊မီတာကို ချွေတာဖို့ ပြောပေမယ့် Rikuညဘက်ပြန်လာတိုင်း အဲ့မီးက ပွင့်နေတော့တာပဲ။မီးခလုတ်က Rikuအခန်းထဲမှာ မဟုတ်တာမို့ မီးပိတ်ဖို့ ခနခနပြောရတယ်။Rikuက ဝရံတာကနေ တစ်ဖက်အခန်းတံခါးကို ခေါက်လိုက်တယ်။တံခါးက မှန်တံခါးပဲ အထဲမှာ လိုက်ကာစနဲ့ကာထားတာမို့ အခန်းထဲကိုတော့ မမြင်ရဘူး။ဒီအချိန်က အိပ်ချိန်ရောက်နေပြီ ဆိုပေမယ့် Rikuက နားမလည်နိုင်တော့ဘူး။အခေါက်ပေါင်းများစွာပြောတာတောင် ဒီအခန်းထဲကလူက ခေါင်းမာလွန်းတယ်။
"Kim Daeyoung တံခါးဖွင့်စမ်း"
ဆက်တိုက် ထုခေါက်နေတာတောင် တံခါးမဖွင့်လာတာမို့ နာမည်ကို အော်ခေါ်လို့ တံခါးခေါက်လိုက်တယ်။နာမည်အော်ခေါ်လိုက်မှ အထဲက လိုက်ကာကို ဖွင့်ပြီး တံခါးဖွင့်ပေးတယ်။