ထားထားဦးက အမှီမခံဘဲ ရှေ့ကုန်းပြီ ဖယ်ဖို့ ကြံတော့ မြကျော်က

“အေးနော် .. ငြိမ်ငြိမ်နေ ..နို့မို့ရင် ..”
“နို့မို့ရင် .. ဘာဖြစ်သလဲ ...”

ထားထားဦးက တံတောင်းဖြင့်တွတ် ပြန်မေးတော့
“ငါ နင့်ကို ဖက်ပစ်လိုက်မယ် ..”

သည်တစ်ကြိမ် မြကျော် စကားကြားတော့ ထားထားဦး ငြိမ်သက်သွားသည်။

ခဏအကြာမှာ မြကျော် ထားထားဦး ကျော်ပြင်ကို မှီလျက်သားကောင်းကင်ပေါ်က လမင်းကြီးကို မော့ကြည့်သည်။

သာ လိုက်တာ ။ ဆောင်း ရဲ့ လရောင်က တိမ်တွေ ကင်းပြီ တည်တည်ငြိမ်ငြိမ်ကလေးနဲ့  အသာဆုံး။ အလှဆုံး။

ချစ်သူကျောပြင်နွေးနွေးကလေး မှီ ကောင်းကင်ကြီးကိုကြည့်။

ဘေးပတ်လည် က လယ်ပြင်ထဲက စပါး နှံတွေရဲ့ ရနံ့ ကို ဆောင်းလေကလေး သယ်လာတဲ့အခိုက် ရူရိူက်ကြည့်။

သင်းပျံ့ လေခြင်း။

မြကျော် တွေးရင်
“မိထား ..”
“အေး ..”

“ကောင်းကင်ကြီးကို မော့ကြည့်စမ်း ..”
သူပြောတော့ ထားထားဦး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

မော့ကြည့်လိုက်ပြီ

“လမင်း ကြီးကို မြင်တယ်လေ ဟယ်..”
“လမင်းကြီးက မလှဘူးလား ..”

“လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ ..”

“အေး .. နင် နဲ့တူတယ် ..”

မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွေ စိမ့်၀င်သွားပုံရသည်။

ဆောင်းလေကလေး ဖြတ်တိုက်၍ လွင့်ခါသွားသော ဆံစကလေးတွေကိုသူမနားကြားကလေးထဲ ညှပ်ပြီ

“မြကျော် ..နင်လျှောက်မပြောနဲ့ ၊ ငါက မြေကြီးပေါ်မှာ လမင်းကြီးက ကောင်းကင်ပေါ်မှာ တူမှမတူပဲ ..”

“အေးလေ လမင်းကြီးက လမင်းကြီး နင်က နင်ပါပဲ။

သို့ပင်မယ့် ငါ့အတွက်တော့ နင်က လမင်းကြီးလိုပဲ။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now