"ကိုကို.."

မျက်လုံးမှိတ်ထားတာကြောင့် ဒီအသံလေးက
ပိုလို့တောင်သူ၏ နားထဲသို့ဆွဲငင်နေခဲ့၏။

ဖွင့်ကြည့်မိတဲ့ အချိန် သူ့ရှေ့၌ နီးကပ်လာတဲ့ဒေါက်တာရဲ့ အပြုံးက ချိုသာနေလွန်းလို့မေ့မရနိုင်ဖြစ်နိုင်လိမ့်မည်။

ထိုအချိန်မှာဘဲနီးကပ်လာတဲ့ ဒေါက်တာရဲ့
နူတ်ခမ်းက သူ့ရဲ့ နူတ်ခမ်းထပ်ထံသို့‌ကျရောက်သွားခဲ့၏

ပြွတ်စ်!

"ခင်များ.."

"ပြန်လို့ရပြီ "

"ဘာဗျ "

တစ်ခုခုကိုနစ်နာသလို ရုတ်တရက် မတ်တပ်ရပ်လာခဲ့ပြီး ဒေါက်တာ့ထံသို့ လက်ညိုးထိုးပြီးမှ

"ခင် ခင်များ စားပြီးနားမလည်မလုပ်နဲ့လေ "

"ကျွန်တော်လူနာတွေကိုဆေးကုပေးရအုန်းမယ်ဗျ "

"ဒီ!!ဒီမှာ!!နေအုန်းလေ"

ထိုလူကတော့ ပြောချင်တာပြောပြီးထွက်သွားတာလှည့်ကိုမကြည့်တော့ပေ။
ကျန်နေခဲ့တဲ့ ကျန်စစ်ခင်မျာ ပထမဆုံးအနမ်းလေးကြောင့် ထိုင်မရ ထမရကိုဖြစ်လို့..

<><><>

အစေ့ချပြီး ပြန်လာတဲ့အချိန်
ရာသီဥတု သာယာနေခဲ့လို့ ကျေနပ်နေခဲ့ပေမယ့် ဖခင်ဖြစ်သူကို မြင်လိုက်ရတာကြောင့်
မုန်တိုင်းကလည်း သူ့လိုလိုကျရောက်သွားသလိုခံစားခဲ့ရ၏

"ရာချီ ကိုယ့်အဖေ တစ်ယောက်လုံးကိုမြင်တာတောင် နူတ်ဆက်ဖို့မေ့လောက်အောင်ထိ ဖြစ်နေတာလား"

"နူတ်ဆက်ဖို့မေ့နေတာမဟုတ်ဘဲ တမင်မနူတ်တာပါ "

ဟုတ်သည် ကိုယ့်ဘက်ကဘဲ အပြတ်ဖြတ်နိုင်ဖို့ဘဲလိုသည်။

"မင်းကတော့ပုံတိုင်းနဲ့ရတာနဲ့ တနေ့တခြားက အဖေကိုအဖေမှန်းမသိရိုင်းစိုင်းလာပါလား"

"အဖေ လူကြီးဖြစ်ပြီး အခုထိမရင့်ကျက်သေးတာလား အဖေ့စကားက အဖေကိုယ်တိုင်ပြုလုပ်နေခဲ့တဲ့အရာပါဗျ
ကျွန်တော်ကတော့ကိုယ့်မိဘမို့လို့ ကိုယ်ပိုင်တာလေး စားစေချင်တာကြောင့်ပေးပေးမိပေမယ့် အဖေကတော့ လွတ်ပစ်ရက်ပါလား
ဘယ်လိုတောင်လဲအဖေရာ "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now