"သွားစမ်းပါ "

နှစ်ယောက်လုံးပါ ဝင်ထိုင်လိုက်တော့
ထိုခုံးတန်းလေး၌ မတည့်အတူနေ လေးယောက်ဆုံသွားတော့သည်။

"ကျန်စစ် မင်း ဟိုဟာသိပြီးပြီလား"

"ဘယ်ဟာလဲ "

စကားမပြောချင်လို့မျက်နှာတောင်မကြည့်ဘဲ ပြောလိုက်ပါတယ်ဆို အရိပ်အကဲမသိတဲ့ကောင်သာ။

"ဟို ဆရာဝန်က မင်းကိုကြိုက်နေတာဆိုတာ"

"ဘာလဲမင်းသိနေတာလား ဘာလို့မပြောရတာလဲ "

"မင်းကရော သူ့ကိုကြိုက်နေလို့လား"

"ဘယ်ကသာ စောစောကသိရင် ရှောင်မလို့လေကျစ် "

စောက်ကြီးစောက်ကျယ်နဲ့ ဆရာဝန်က သူလို့အလုပ်မရှိအကိုင်မရှိကောင်ကို ကြိုက်ပေးတာတောင် သူကဘဝင်လာမြင့်နေသောသူကြောင့် ပြောစရာရှိတာ ဒဲ့ပြောရတော့မည်။

"ဟျောင့် မြက်နုက နွားအိုကို ကျွေးနေတာဘဲကျေးဇူးတင် "

"ဘာ!"

"နွားအို မြက်နု ကြိုက်တယ်လို့ပြောချင်ပေမယ့် မင်းက မြက်နု မှမဟုတ်ဘဲ နွားအိုဘဲဖြစ်မှာပေါ့ "

"ဘာဒီကောင်! မင်းကျတော့ရော မမှီတဲ့ပန်းကိုခူးလှမ်းတာလေ"

"အခုတော့ မှီသွားလို့ ချွေတောင်ချွေလိုက်ပြီကွ "

"ကဲတော်ပါတော့ဘူဘူချင်းတစ်လုပ်နေတာ"

တွေ့တာနဲ့ ထကိုက်တဲ့ နှစ်ယောက်ကြောင့် နှင်းရည်ကသာ စိတ်ရူတ်ပြီးဝင်တားမှငြိမ်ကျသွားတော့သည်။

"သာလှ"

"ဗျ အကိုကျန်ရစ်!"

"လီးကို "

"ဟားဟား သာလှ မင်းအဲ့လိုစမနေနဲ့တော့ သူကအခု မကျန်ရစ်တော့ဘူးကွ "

"မင်းဘဲပြောလိုက်တော့ကွာ ရာရာ ရာ "

"လီးကိုရာရာ "

"မဆဲနိုင်သေးဘူး..ဒါနဲ့ သာလှ ငါ့ကို ကိုကိုလို့ခေါ်ကြည့် "

"ရွံစရာကြီးကိုဗျာ"

"လုပ်ပါကွာ ငါတစ်ခုစမ်းမလို့ပါ "

"ခေါ်မယ်ခေါ်မယ် "

"ခေါ်ခေါ် "

သာလှရဲ့ခေါ်သံကို နှင်းရည်နဲ့ရာချီကပါ အာရုံစိုက်လာ၏ တကယ်ဘဲဘယ်လိုအသံတွေထွက်လာမလဲ ဆိုပြီး။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now