"အဲ့ကောင်က ဘာတွေများသာနေလို့ မင်း
ဘာလို့တန်းတန်းစွဲဖြစ်နေရတာလဲပုံတိုင်းရယ်
အဲ့ကောင်ဝင်ရူတ်လို့ ငါတို့မိသားစုဒီလို ‌မပျော်မ‌ရွှင်ဖြစ်နေတာတောင် မင်းကတမ်းတနေသေးတာလား"

"သူဝင်ရူတ်လို့ ကျွန်တော်တို့မိသားစုမပျော်မရွင်ဖြစ်နေခဲ့တာမဟုတ်ဘဲ သူသာကျွန်တော့်ဘဝထဲဝင်မလာခဲ့ရင် အမေတို့တွေ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ထဲက ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားမှာပါ သူသာ ဝင်မလာခဲ့ရင် လွန်ခဲ့တဲ့ဆယ်နှစ်ထဲက ကျွန်တော်က သေလူဖြစ်နေလောက်ပြီ "

"....."

အပေါ်ယံကြည့်ပြီးမဆုံးဖြတ်ရဘူးဖို့ မိဘတွေက ကိုယ်တိုင်သင်ကြားပေးခဲ့ပေမယ့်
အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တက်တာက မိဘတွေကိုယ်တိုင် ဖြစ်နေခဲ့တာ..

<><><>

အိမ်ရောက်ပြီဆိုတာနဲ့ ခုံတန်းလေးပေါ်မှာစောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ပုံရိပ်။သူသာ မရှိတော့တဲ့အခါ ဒီကလေးငယ်
ဘယ်လောက်တောင် အားကိုးရာမဲ့နေလိမ့်
မလဲ..

"ရာချီ ကိုယ်ပြန်လာပြီနော်"

"အင်း ကျွန်တော်မျှော်နေတာ"

"အင့် မင်း ဖြေးဖြေးဖက်မှပေါ့"

အလောတကြီး ပြေးဖက်တဲ့ ကောင်လေးရဲ့ စိတ်ကို ကျွန်တော်ခန့်မှန်းနိုင်သည် သူမျှော်လင့်ချက်တွေနဲ့ စောင့်နေတဲ့ရောင်တွေက သူမျက်လုံးထဲမှာ ထင်ထင်ရှားရှားကိုပေါ်နေတာလေ။

"ကိုယ်ကတော့ မင်းကိုဘယ်သူ့မှ မပေးချင်တော့ဘူးကွာ "

"ကျွန်တော်ရော အတူတူဘဲ "

နွေးထွေးမှု.. ဒီခံစားချက်ကို နှစ်သက်သည်
ဒီအခိုက်အတန့်ကလည်းသူရဲ့အကြိုက်ဆုံးသာဖြစ်လိမ့်မည် ဖြစ်နိုင်ရင် အားလုံးရဲ့အဝေးဆုံးမှာ သူနဲ့ နှစ်ယောက်ထဲ ထွက်ပြေးလိုက်ချင်ပါတော့သည်။

"ရာချီ အရှေ့မှာ လူတစ်ယောက်ထင်တယ်"

"ဟင် ခန နော်ကြည့်အုန်းမယ် "

"...."

"‌ဟိုဒေါက်တာဘဲ "

ရာချီရဲ့အဖြေကြောင့် ပုံတိုင်း ပြန်ကြည့်လိုက်မှ တကယ်ဘဲ အဲ့ဒေါက်တာ ဖြစ်နေတာ
သူကဘာကိစ္စနဲ့များလာစရာအကြောင်းရှိလို့လဲဆိုပြီးထွက်လာခဲ့လိုက်တော့

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now