"ဗျာ "

ခေါင်းကြီးတစ်ခုလုံးလေးနေခဲ့ပြီး
မနည်းအားယူပြီး ထလာခဲ့ရ၏
ဘေးပတ်ပတ်လည်ကိုကြည့်တော့လည်း
ရွာကဆေးခန်းလေး၌ ရောက်နေခဲ့တာဘဲ။

"ရာချီဒွေးရော "

"ဪ ဟိုတစ်ယောက်လား ပင်ပန်းနေတယ်ထင်လို့ ပြန်နားခိုင်းလိုက်ပါပြီ နှစ်ရက်တောင် ဘာမှမစားဘဲ ဆက်တိုက်စောင့်နေရတော့ သူပါထပ်ပြီးဖျားသွားမှာဆိုးလို့လေ "

"နှစ်ရက်တောင် ကျွန်တော် အိပ်ပျော်သွားတာလား ကျွန်တော်တစ်ခါမှဒီလိုမဖြစ်ဖူးပါဘူး "

"မင်းအခုတလော အိပ်မပျော်ခဲ့ဘူးမလား
ငါတို့က ဆရာဝန်ဆိုတော့ လူနာဘယ်လိုနေခဲ့လဲ ခန်းမှန်းနိုင်တယ် မင်းက စိတ်ဖီးစီးမှုတွေကြောင့် အခုလို မေ့လဲတဲ့အထိ ဖြစ်တာ
ရိုးရိုးဖျားတဲ့သူက ဒီလိုမဖြစ်ဘူး‌လောက်
လေ"

"ဟုတ်ကဲ့ပါ ကျွန်တော်ဆင်ခြင်ပါ့မယ်"

"ဆင်ခြင်ပါ့မယ်ဆိုပြီး စိတ်ထဲက ဟာတွေကိုလည်းအခုဆိုခုဖျောက်မလိုက်နဲ့ ဖြည်းဖြည်းချင်း မေ့ပစ်သွားရမယ် စိတ်ဖီးစီးမှူတွေက စိတ်ကျ ရောဂါပါ ဝင်လာနိုင်တယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ "

"အေအေ မင်းရဲ့လူနာရှင်ကို အကြောင်းကြားပေးမယ် သူ့မှာ နှစ်ရက်လုံး ငိုယိုနေတာ ပင်ပန်းလောက်ရောပေါ့ "

သူသိနေခဲ့တာပေါ့ သတိသာ မရခဲ့တာ
သတိလစ်နေတုန်းက သူ့ရဲ့ ငိုသံလေးတွေက အိပ်မက်တွေနဲ့ပါ ရောခက်နေတာကို..

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် "

"ဒါနဲ့လေ အခုတလော မင်းတို့ဆက်ဆံ‌တာတွေ နားထားရမယ်နော် အတွင်းထဲက နာကျင်လာတဲ့အခါ ‌မပျောက်သေးတဲ့အဖျားကပါ ပိုတက်လာလိမ့်မယ်"

"ဘယ်လို "

"ငါတို့က ဆရာဝန်တွေဆိုတော့ လက်ခံရတယ်လေ ဒါကြောင့် သူတို့ရဲ့အဖြစ်တွေကိုလည်း လေ့လာရတာပေါ့ "

" အဲ့တာ ကျွန်တော်ဆိုင်နေလို့လားဗျ "

"မင်းနဲ့လည်းဆိုင်တယ် ငါတို့နဲ့လည်းဆိုင်တယ် အကယ်၍ မင်းသာတစ်ခုခုထပ်ဖြစ်လာရင် ငါတို့ဘဲ တာဝန်ကြီးရမယ်လေ
ပြီးတော့ ရာချီဒွေးဆိုတဲ့ တစ်ယောက်ကဇိုးဇိုးဇက်ဇက်လေး ဖြစ်မယ်ထင်တယ် ဒါကြောင့် အား တော်ပြီတော်ပြီ ရှောင်ထားအုန်းကြားလား"

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now