"အမေတစ်ယောက်တည်း ဘယ်လိုနိုင်မလဲ သားရယ် မင်းပြန်လာပေးလို့မရဘူးလားဟင်"

မျက်ရည်လည်နေတဲ့ အမေ့မျက်ဝန်းတွေက ကျွန်တော့်အတွက်တော့ ရင်နာရဆုံးပင်။
လက်ကိုလာဆွဲရင် တောင်းဆိုနေသည့်ပုံကလည်း တကယ်ဘဲ သူ့ကို လိုအပ်နေသည့်ပုံ။

"အခြေအနေ ဒီထပ်မက ဆိုးနေရင်တော့ ကျွန်တော်စဉ်းစားပေးပါ့မယ် "

အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ဘဲ ရောက်ယှက်ခက်နေတဲ့ အချိန် အိမ်ပြန်လမ်းကို လျှောက်လှမ်းနေရတာတောင် မူးဝေလာရ၏ နေရောင်ခြည်ကလည်း ဒီနေ့မှ ဘာလို့ ဒီလောက်ပူနေရတာလဲ။

နေရောင်ခြည်ရဲ့ ဒဏ် စိတ်ထိခိုက်မှူ ဒဏ်တွေကြောင့် ခံနိုင်ရည် မရှိတော့ဘဲ ရုတ်တရက်ဆိုသလို မူးဝေလာမိတော့ပေမယ့်

"ပုံတိုင်းဆောင် ဟဲ့ အဆင်ပြေလား "

"စံပယ်.."

"အေ ငါ နင် အဆင်ပြေလား ဘာဖြစ်တာလဲ "

"ဒီတိုင်း ခေါင်းမူးနေလို့ပါ ရတယ် ထားလိုက် နင့်လမ်းနင်သွား "

"ဟဲ့ရမလားဟဲ့ နင်ပုံစံက အ‌ဆင်ပြေမှာ မဟုတ်ဘူး လာငါလိုက်ပို့ပေးမယ် "

"ရတယ်လို့ပြောနေတယ်လေ "

"ခေါင်းမာမနေနဲ့ လာခဲ့ "

ရာချီနဲ့ ရပြီးတော့မှ ရာချီ အထင်လွဲမယ့်လုပ်ရက်တွေကို မလုပ်ချင်တာကြောင့်
အမေအရင်ကသဘောတူခဲ့ဖူးတဲ့ မိန်းကလေးတွေကို အတက်နိုင်ဆုံး ရှောင်နေပေမယ့်
အခု အခြေအနေက ကိုယ်ကလည်း ခက်ခဲနေတာမို့လို့ သူလဲ ကူညီတာဖြစ်နေတော့ ဘာမှတော့မဖြစ်လောက်ပါဘူးဟူ၍
စံပယ့် အကူအညီကိုသာလက်ခံလိုက်ရ၏

"ရောက်ပြီ ဒီမှာ ခနထိုင်အုန်း"

"....."

အိမ်ရောက်တာနဲ့ ဧည့်ခန်းမှာဘဲ ဝင်ထိုင်လိုက်ပေမယ့် စံပယ်ကတော့ တစ်ခုခုကိုရှာနေပုံ။

"စံပယ် နင်ပြန်လို့ရပြီ "

"ငါပြန်လို့ နင်တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ "

"ငါအဆင်ပြေ..."

စကားမဆုံးသေးဘူး နှဖူးကို လာစမ်းတဲ့ စံပယ်ကြောင့်ပုံတိုင်း နောက်သို့ တွန့်ဆုတ်သွားပြီး စံပယ်လက်ကို လှမ်းဆွဲလိုက်ရင်း

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now