အပိုင်း(7)

Start from the beginning
                                    

"အင်း  ကောင်းသား ပဲ..လာသွားမယ်''

နှစ်ယောက်သားအပင်အောက်ရောက်တော့ ဘယ်သူမှစကားမစဖြစ် ဟိုကြည့် ဒီကြည့်နဲ့အချိန်ကုန်နေသည်။

"ဟို...မိုရာ''

"ခါရူး ''

မပြောတော့လဲ မပြောလို့ ပြောတော့လဲ နှစ်ယောက်လုံး တစ်ပြိုင်တည်း ဖြစ်နေသည်။

"ကဲပါ မိုရာအရင် ပြောပါ မိုရာပြောတာကို. အရင်နားထောင်မယ်''

"ဟိုလေ... မိုရာနဲ့ ဘီဘီ့ကို လေ ခများရဲ့ မျိုးနွယ်ဆီကိုခေါ်သွားပေးပါ့လားဟင်''

".........''

ခါရူး အံ့သြ သွားတာ အမှန်ပင်။ ကိုယ်က သူ့ကိုခေါ်သွားမယ်လို့ တွေးနေပေမဲ့ သူလက်မထံမှာစိူးရိမ်နေတာ အခု သူ.ကိုယ်တိုင်က လိုက်ချင်ပါတယ်ဆိုတော့ အလိုက်သင့်သွားသည်။

"အစေခံ လုပ်ရလဲ ဖြစ်ပါတယ် မိုရာရော.ဘီဘီ ရောအကုန် လူပ်တတ်ပါတယ် ပြီးတော့လေ မိုရာက ဝိုင်ပါ ချက်တတ်တယ် အာ့တာ ကြောင့်..''

မိုရာကသာတရစပ်ပြောနေပေမဲ့ သူက ဘာမှပြန်မပြောပဲ မိုရာ့ကိုသာကြည့်မြဲ ကြည့်နေသည်။ ကြည့်ရတာ.သူက မခေါ်ချင်ဘူး ထင်ပါရဲ့ ။ဟုတ်တာပေါ့သူ့လို မျိုးနွယ်က နှင်ထုတ်ထားတဲ့ သူကို ဘယ်လက်ခံချင်ပါ့မလဲ ဒါပေမဲ့ ဘီဘီ့ ကို ခေါ်သွားပေးဖို့တော့ ကျိန်းသေ ရအောင်ပြောရမည်။

"ဟိုလေမိုရာ့ကို မခေါ်ချင်ရင်တောင် ဘီဘီ့ကို တော့ခေါ်သွားပေးပါနော် မိုရာ ​တောင်းပန်ပါတယ် ဘီဘီ က ငယ်သေးတယ် ပြီးတော့ သူ့ရဲ့ဘဝက ဒီထက်ပိုပြီး ကောင်းမွန်လာရဦးမှာ မိုရာ အနူးအညွတ် တောင်းဆိုတာပါ''

ခါရူး အံ့သြ ပြီး ဘာမှ မပြောနိုင်ခင် မိုရာက တရစပ်ပြောသွားသည်။.ဒီကလေး သူ့ကိုမခေါ်ချင်လို့ ဘာမှ ပြန်မပြောတာလို့ထင်နေတာ ဖြစ်လောက်သည်။ သူက အစေခံတောင်လုပ်ဦးမယ်တဲ့။ ကိုက သူ့ကို ဇနီးမယားတစ်ယောက်အနေနဲ့ ခေါ်သွားမယ်ဆိုတာ.သိရင်ဘယ်လိုနေမယ်မသိ။.ကိုယ်က မျိူးနွယ်စု ရဲ့ခေါင်းဆောင် ဖြစ်တဲ့အတွက် ဒွိဖြစ်ဖြစ် အမျ်ူးသမီးဖြစ်ဖြစ် ခေါ်ချင်တိုင်းခေါ်မရပေ။.ကိုယ့်ရဲ့ ဇနီးမယားအဖြစ်ဒါမှမဟု အပျော်မယားအဖြစ်ခေါ်မှသာ အဆင်ပြေ၏။ အခုလဲ ကိုယ်က ဘယ်လိုပြောရင်ကောင်းမလဲ စဥ်းစားတုန်းရှိသေး သူက တွေးချင်ရာတွေးပြီး မျက်ရည်လေတွေကဝဲနေပြီ။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now