Part-2(အစချီလာခြင်း)

116 11 0
                                    

ခုန်လာတဲ့ရင်ခုန်သံများနှင့်အတူ လူတိုင်းရဲ့စကားသံတွေကြောင့်ဂျုံဆောင်းဆီကနေမြန်မြန်ခွာလိုက်တဲ့ဂျောင်ဝန်း

"ဒီမှာအဆင်မပြေဘူးဆို ဟိုနားသွားမယ်" လို့ပြောပြီးလက်ကိုဆွဲသွားကာ လွတ်နေတဲ့ခုံမှာအတူတူသွားထိုင်ကြလေသည်။

*ရှုံမဲ့နေတဲ့မျက်နှာနှင့်အတူဘာတွေကိုတွေးနေမှန်းမသိတဲ့လျို့ဝှက်ချက်များတဲ့ထိုလူသား*

"တကယ်တောင်းပန်ပါတယ်ဗျ ခုနကကိစ္စအတွက်"

"မလိုဘူး"

"ဒါပေမဲ့"
*ပြောနေချိန်ပဲ*

*နားထဲကိုနားကြပ်ထည့်လိုက်ကာ*

"ငါ့ကိုစိတ်ဆိုးသွားလားမသိ"
*တစ်တောင်လောက်ထော်လာတဲ့ချစ်စရာနှုတ်ခမ်းလေး*

အကုန်ကြားပေမဲ့ မကြားချင်ယောင်ဆောင်သာဆောင်လိုက်တဲ့ဂျုံဆောင်း ဆက်ပြီးသီချင်းနားထောင်နေကာ ခနအကြာကျမှတ်တိုင်ကိုရောက်သွားတော့

"ရောက်ပြီပဲ"
*ဘဲလ်ကိုတီးလိုက်ကာ*
"ပါတယ်ဗျ"

*လက်ကိုလှမ်းဆွဲလိုက်ကာ*
"အတူတူသွားမယ်" လို့ပြောပြီးဘတ်စ်ကားပေါ်ကနေဆင်းလေရဲ့။ပြုံးပျော်ပြီးအနောက်ကနေတစ်ကောက်ကောက်ပါအောင်လိုက်သွားတဲ့ဂျောင်ဝန်း

"ဒါဆိုလိုက်မပို့တော့ဘူး"

"ရတယ်ဗျ ဒီအရှေ့လေးတင်ပဲဟာကျေးဇူးအများကြီးတင်ပါတယ်"

"ရတယ်"
*အိမ်ကိုပြန်သွားတော့မို့လုပ်နေတဲ့ခြေလှမ်းတွေကခနတာရပ်ပြီး အနောက်ကိုပြန်လှည့်လာကာ*

"ဒါနဲ့?"

"ဗျာ?"

"ကောင်းသောညဂျောင်ဝန်းလေး" လို့ပြောပြီးအိမ်ကိုတကယ်ပြန်သွားတော့တယ်။ဂျောင်ဝန်းကပျော်သွားပြီးထခုန်ကာ

"တကယ်သဘောကျမိပြီထင်တယ်"
*ပြောနေတုန်း*

*ရုတ်တရက်ထွက်ပေါ်လာတဲ့သူ့အမေအသံ*
"အဲ့မှာပြုံးပြုံးကြီးရပ်ပြီးဘာလုပ်နေတာလဲသားလေး?"

*လန့်သွားကာ*
"မေမေကလည်းလန့်လိုက်တာဗျာ"

"ဟောတော ဘာလုပ်မိလို့တုန်း?ဒါနဲ့ ဂျုံဆောင်းလေးကော?"

The Unlimited Loyalty ✓ || Meowz🐈🤍Where stories live. Discover now