အခန်း ၁၈၀ - အပိုင်း ၃၄ - စား၍မရနိုင်သော(၂)

Start from the beginning
                                    

မစုပ်ယူလိုက်သည်ဇာတ်လမ်းများသည် ပျံသန်းထွက်သွားကြပြီး ဇာတ်လမ်းလွှမ်းမိုးမှုကြီးသည် အပြင်ဘက်စကြာဝဌာတစ်ခုလုံးအား ရေလှိုင်းများကဲ့သို့ လွှမ်းမိုးသွားခဲ့သည်။ ထိခိုက်နေသည့်အစာအိမ်သည် ပြန့်ကျဲစပြုလာသည်။

[လေးခုမြောက်နံရံသည် ၎င်း​၏မျက်လုံးကို ဖြည်းညင်းစွာ စတင်ပွင့်ခါစပြုလာသည်။]

[စတုတ္ထတံတိုင်းသည် စားသုံးရန်တစ်ခုခုကိုရှာဖွေနေသည်။]

လန့်သွားသည့်အိမ်မက်များကိုစားသုံးသူသည် သူ့အားစိုက်ကြည့်နေသည်။

[စတုတ္ထတံတိုင်းသည် အိမ်မက်များကိုစားသုံးသူအားရယ်လိုက်သည်။]

ယခုတွင် အမဲလိုက်သူနှင့်သားကောင်တို့​၏ ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

[ကား…!]

စာလုံးအများပြားဖြင့်ပြုလုပ်ထားသည့် စတုတ္ထတံတိုင်းသည် အိမ်မက်များကိုစားသုံးသူ​၏ဇာတ်လမ်းများကို စတင်ဝါးမြိုတော့သည်။

အစားကောင်းသောက်ကောင်းများကို ဂရုမစိုက်နိုင်တော့ပဲ ဗိုက်ဆာဆာဖြင့်စားသောက်တော့သည်။ မရေတွက်နိုင်သည့်ငါးများနှင့် အိမ်မက်များကိုစားသုံးသူ​၏အခြားသော လက္ခဏာများသည် ထွက်ပြေးရန်ကြိုးစားကြသော်လည်း တည်ရှိနေသည့်နံရံကြီးကို မကျော်လွှားနိုင်ခဲ့ပါ။

သူ နှစ်ပေါင်း ၈,၀၀၀မျှစားသုံးခဲ့သည့် ဇာတ်လမ်းများသည် အမှုန့်များအဖြစ်သို့ကြေမွသွားခဲ့ပြီး နံရံအတွင်းသို့ဝါးမြိုခံလိုက်ရသည်။ နံရံပေါ်မှ ပုံစံလေးများသည် လင်းလက်တောက်ပသည့်အလင်းရောင်ကို ထုတ်လွှင့်လိုက်သည်။

ဇာတ်လမ်းကိုဖတ်နေသည့် အခွင့်အာဏာမရှိသည့်သူ​၏အသံသည် အံ့အားသင့်သွားခဲ့သည်။

[◼️◼️…?]

သူ့အတွေး​၏တစ်ဝက်ထက်များသောအတွေးများသည် စားသုံးခြင်းကိုခံလိုက်ရပြီး နံရံပေါ်တွင်ပေါ်လာခဲ့သည်။

[သေချာတာက ဒါက◼️◼️◼️ မဟုတ်ဘူးမလား…?]

[အို….]

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now