"ဘာမှမဖြစ်ဘူး ငါ့ဟာငါ ခိုင်းမိတာ"

Rikuအသံတွေဟာ အက်ကွဲကွဲနဲ့။

"လာ ငါစက်ဘီးနင်းပေးမယ် Tojimbo ဘက် ငါလိုက်ပို့ပေးမယ်"

စက်ဘီးကို ဇွတ်တရွတ်ဆွဲယူလိုက်မှ စကားနားထောင်တဲ့ Rikuဟာ Daeyoung ခါးတွေကို ဖက်ထားဖို့တော့ မမေ့ခဲ့ဘူး။

"မင်း အိုဆာကာကို ကျောင်းသွားတက်မှာ ငါ့ကို ဘာလို့မပြောတာလဲ"

အရှေ့က စက်ဘီးနင်းသူကသာ မေးခွန်းမေးပေမယ့် Rikuအသံတွေဟာ တိတ်ဆိတ်လို့။

တိတ်ဆိတ်နေတဲ့ Maeda ဟာ ကြောက်ဖို့ကောင်းတယ်။

နှစ်ခါလောက်မေးတာတောင် ဘာတုံ့ပြန်မှုမှမလာလို့ Daeyoung က စက်ဘီးကို လမ်းဘေးထိုးရပ်လိုက်တယ်။

"Riku ငါမေးတာ ဖြေအုံးလေ"

စက်ဘီးပေါ်က ဆင်းပြီး Rikuမျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်တယ်။
ပုံမှန်Rikuဟာ အိုဆာကာမှာတက္ကသိုလ်တက်ရမယ့်အကြောင်းကို Daeyoung ရှေ့မှာ အပြုံးတွေနဲ့ပြောပြနေရမှာ။ဒီလိုတိတ်ဆိတ်နေရမှာမဟုတ်ဘူး။

"Riku"

Daeyoung ရဲ့တိုးညှင်းတဲ့ခေါ်သံရဲ့နောက်မှာ မျက်ရည်အပြည့်နဲ့ Rikuဟာ မော့ကြည့်လာတယ်။

"ငါမင်းနဲ့အတူတူကျောင်းမတက်ချင်လို့"

Rikuစကားတွေထဲမှာ တစ်လုံးတစ်လေမှ ယုံကြည်ချင်စရာမကောင်းဘူး။Rikuဟာ လိမ်နေတာ။

"ငါနဲ့အတူတူကျောင်းမတက်ချင်လို့? ဘာလို့လဲ "

ကိုရီးယားကိုမပြန်ခင်ကတောင် အတူတူကျောင်းတက်ကြမယ် လို့စပြောခဲ့တဲ့သူက အခုကျ အတူတူမတက်ချင်လို့တဲ့ ဖြစ်နိုင်သလား။

"ရွံလို့"

Daeyoung ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးသွားတယ်။"ရွံလို့" ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ဦးနှောက်ကရှာဖွေနေတယ်။

"ရွံလို့ ဟုတ်လား ငါကရွံစရာကောင်းလို့လား"

Daeyoung က စက်ဘီးကို ဒေါသတကြီး တွန်းလှဲပစ်လိုက်တယ်။Rikuဆီက ရှိုက်သံပြင်းပြင်းကြားရပြီး Rikuက Daeyoung ကိုကြည့်ပြီး ပြန်ပြောတယ်။

SILENCEWhere stories live. Discover now