"ဟေ့ မင်းတို့တွေ Rikuနဲ့မတွေ့ဖြစ်ဘူးလား"

"အာ Rikuက ၂၅ရက်နေ့က အိုဆာကာကို သွားတယ်"

"အိုဆာကာကို ဘာလို့လဲ"

Shinoက  Daeyoung ထည့်ပေးတဲ့ရေတစ်ခွက်ကို သောက်ပြီး စကားပြန်ဆက်တယ်။

"အိုဆာကာမှာ တက္ကသိုလ်တက်ဖို့တဲ့ အရာရှိကြီးက မင်းကို တိုကျိုကိုလွှတ်မယ်ပြောနေတာ"

Shinoအဖေက အရာရှိကြီးဦးစီးတဲ့ရုံးချုပ်မှာ အလုပ်လုပ်တာမို့ Daeyoung ကိုတိုကျိုပို့မယ့်အကြောင်းကို Shinoက သိနေတယ်။

"ငါလဲ အိုဆာကာကို တက်မှာ Rikuနဲ့အတူတူ"

Daeyoung က "Rikuနဲ့အတူတူ" ဆိုတဲ့နေရာမှာ အသံတွေတိုးညှင်းသွားခဲ့တယ်။Rikuက သူ့ကိုဘာလို့တစ်ခွန်းမှ မပြောနိုင်ရတာလဲ။

"Riku ဒီနေ့ပြန်လာမယ်ထင်တယ် သူက သိတယ်မို့လား ကမ္ဘာပျက်တာနဲ့ပတ်သက်ပြီး ရူးနေတာဆိုတော့ ဒီကိုပြန်လာလောက်တယ်"

စက်ဘီးသုံးစီးနဲ့ကောင်လေးသုံးယောက်က Daeyoung အိမ်ကနေ လှည့်ပြန်သွားတယ်။Rikuဟာ ဘာလို့ နေနိုင်ရတာလဲ။

ညနေ၆နာရီလောက်မှာ Rikuတို့ပြန်ရောက်လာတယ်။ကားပေါ်ကဆင်းလာတဲ့ Rikuဟာ ခေါင်းငိုက်စိုက် ဆံပင်ဘုတ်သိုက်နဲ့။ဟူဒီအမဲကြောင့် မျက်နှာဟာ မှုန်မှိုင်းနေသလား မပြောတတ်တော့ဘူး။ဒီဘက်ခြံက Daeyoung ကို မြင်ရက်နဲ့ အပြုံးတစ်ချက်တောင် မစွန့်ကြဲခဲ့ဘူး။

"Rikuရေ Tojimbo ဘက်က ဦးလေးဆီက ဆန်အရက်သွားတောင်းချေ"

Rikuတို့ သစ်သားတံခါးလေးရှေ့က ထိုင်စောင့်နေတဲ့ Daeyoung ဟာ Riku အဖေရဲ့အသံဩဩကို ကြားတော့ မက်တပ်ထရပ်လိုက်တယ်။Riku အပြင်ထွက်လာတော့မှာမို့ ပြောဖို့စကားတွေစီထားတယ်။

"Riku"

စက်ဘီးတွန်းထွက်လာတဲ့ Rikuကို ခေါ်ရင်း Daeyoung ဟာ စိတ်လှုပ်ရှားနေမိတယ်။

"မင်းခြေထောက်က ဘာဖြစ်တာလဲ"

ခြေချင်းဝတ်နားက ပတ်တီးဖြူကို မြင်တော့ Daeyoung က စိုးရိမ်တကြီးမေးလိုက်တယ်။‌ဒီဇင်ဘာလို အရမ်းအေးတဲ့ရာသီမှာ ဒူးအောက်ထိပဲရှည်တဲ့ဘောင်းဘီကိုပဲဝတ်ထားတဲ့ Rikuကို Daeyoung အပြစ်မဆိုချင်တော့တာမို့ စုတ်တစ်ချက်သပ်မိတယ်။

SILENCEWhere stories live. Discover now