"ကျွန်တော် ဂျပန်မှာပဲ တက္ကသိုလ်တက်မလို့ အလုပ်ခွင်ဝင်ရင်တော့ ကိုရီးာာကို ပြောင်းခဲ့ပါ့မယ်"
"အမလေး ဂျပန်ကို ချစ်နေလိုက်ကြတာ"
အဖွားရဲ့ ချစ်စဖွယ် ညီးညူမှုကြောင့် Daeyoung က ရယ်လိုက်တယ်။
ဂျပန်မှာ အမေတစ်ယောက်ပဲကျန်နေလို့မဖြစ်ဘူး။ဟိုပေါက်ပေါက်ဖောက်တဲ့ ငနဲကိုလဲ တစ်ယောက်ထဲ ပစ်မထားနိုင်ဘူး။"ဒီမှာတော့ ကြာကြာနေမယ်မို့လား"
"ဟုတ် တက္ကသိုလ်ဝင်ခွင့်မဖြေရသေးခင်ထိ နေပါ့မယ်"
"တက္ကသိုလ်ကရော ဘယ်ကိုတက်မှာတုန်း"
တက္ကသိုလ်တက်ရမယ့်ကာယကံရှက်ထက် ပိုစိတ်လှုပ်ရှားနေတဲ့ အဖွားမှာ Daeyoung အမေလိုပဲ သိပ်လှတဲ့ မျက်လုံးတွေရှိတယ်။Daeyoungအမေကတော့ ဘေးနားမှာထိုင်ပြီး မြေးအဖွားစကားပြောတာကို ကြည့်နေတယ်။
"ကျွန်တော် ဘာသာစကားမေဂျာပဲယူပြီး အမေ့လို သံရုံးမှာ အလုပ်လုပ်ချင်တယ်"
အဲ့ဒီအသက်မွေးဝမ်းကြောင်းဟာ အဖွားကိုယ်တိုင် အမေ့အတွက် ရွေးချယ်ပေးခဲ့တာမို့ ဒီတစ်ခါလဲ အဖွားမတားပါ။ကောင်းတယ် ဆိုတဲ့စကားနဲ့ပဲ စကားဝိုင်းက အဆုံးသတ်သွားတယ်။
-SILENCE-
ကိုရီးယားမှာတိုက်တဲ့လေအေးက ဘာလို့ဂျပန်ကလေနွေးနွေးလောက် စွဲလမ်းစရာမကောင်းရတာလဲ။ပုံမှန်လို ပျင်းရိစရာနေ့မှာ Daeyoung က တီဗွီရီမုကိုကိုင်ပြီး ချန်နယ်တစ်ခုပြီးတစ်ခုပြောင်းနေတယ်။အွန်လိုင်းဈေးရောင်းတာတွေချည်းပဲမို့ ဆိုဖာပေါ် ပျင်းတိပျင်းတွဲ ထိုင်နေတယ်။
"ဟဲ့ ကောင်လေး ဘယ်လိုဖြစ်နေတာလဲ"
Daeyoung အဖွားက အပ်ချုပ်စရာဗူးကိုယူလာပြီး သူ့ရဲ့အင်္ကျီအပြဲကို ဖာပေးဖို့ပြင်နေတယ်။
"ပျင်းရင် မြို့ထဲအလည်သွားပါလား မျက်နှာချင်းဆိုင်က ယောလေးကို ခေါ်သွား"
ယောလေးဆိုတာ အဖွားတို့အိမ် မျက်နှာချင်းဆိုင်က အသက်၁၄နှစ်ပဲရှိသေးတဲ့ကလေးမလေးပါ။Daeyoungက မသိတဲ့လူတစ်ယောက်နဲ့ လျှောက်မသွားချင်ဘူး။
💌 (7)
Start from the beginning