"ဒါဆို ဘာလို့ အဲ့ကောင်မလေးက မင်းမှမင်းဖြစ်နေတာလဲ မင်းဘာတွေနဲ့မြူစွယ်ထားတာလဲ"

မေးလဲမေးရင်း ဆန်ပြုတ်တစ်ဇွန်းခပ်ပြီး Rikuကိုခွံ့ကျွေးလိုက်တယ်။

"မင်းကိုကြည့်ရတာ သူ့ကိုစိတ်မဝင်စားတဲ့ပုံမို့လို့တဲ့"

Daeyoung က ခေါင်းညိမ့်လိုက်တယ်။အတန်းထဲမှာ Daeyoung ခေါင်းစခြေဆုံးကြည့်ဖူးတဲ့သူက Rikuတစ်ယောက်ပဲရှိတယ်။အလယ်တန်း၊အထက်တန်းနှစ်နှစ်လုံး အတန်းထဲမှာ မိန်းကလေးဘယ်‌နှယောက်ရှိလဲဆိုတာတောင် မသိခဲ့ဘူး။

"မင်းကရော Hanaကို ချစ်လို့လား"

Riku မဖြေ။ဘေးနားမှာထိုင်နေတဲ့ Daeyoung ကို မကြည့်နေ။

"စနေနေ့ ငါလိုက်ခဲ့မယ် မဟုတ်တာလုပ်ရင် ငါပြန်မယ်"

Rikuပြုံးလိုက်မိသည်။Kim Daeyoung က သူ့ကို ဘယ်တော့မှ ပစ်မထားဘူး။

စနေနေ့။Daeyoungတို့ လမ်းနဲ့မလှမ်းမကမ်းရက်ကွက်မှာ ပန်းခြံရှိတယ်။Hanaက အလှဆုံးပြင်လာတယ်။ကျောင်းမှာ အမြဲစည်းထားတဲ့ဆံပင်ရှည်ကို ကျောလယ်မှာ ဝဲနေအောင်ချထားတယ်။ပန်းနုရောင်ဂါဝန်က အသားအရောင်နဲ့လိုက်ဖက်အောင် ဝင်းပနေတယ်။ပိုက်ဆံအိတ်ကိုလွယ်ထားပုံက တကယ့်အပျိုဖြန်းလေးပင်။

Rikuက စိတ်လွတ်လက်လွတ် Hanaဆီ ‌ဖြည်းဖြည်းချင်းလျှောက်သွားတယ်။သစ်ပင်ကြီးအောက်က သစ်သားခုံမှာ နှစ်ယောက်က အတူထိုင်ကြတယ်။Daeyoungကတော့ မလှမ်းမကမ်းကနေပဲ ရပ်‌ကြည့်နေတယ်။ဘာတွေပြောနေကြမှန်း မကြားရပေမယ့် Rikuက ရယ်နေတယ်။Daeyoungမျက်ခုံးတွေဟာ တွန့်ချိုးသွားတယ်။မျက်မှန်နဲ့ဖုံးကွယ်မရတဲ့အလိုမကျမှုတွေ မျက်ဝန်းမှာ အထင်းသား။စကားပြောရင်း Daeyoung ဘက်ကိုလဲ တစ်ချက်တစ်ချက်လှည့်ကြည့်ရင်း ပြုံးပြသေးတယ်။
ပြုံးမပြနဲ့ တစ်ပါးသူကြောင့်ဖြစ်ပေါ်လာတဲ့အပြုံးနဲ့ ငါ့ကိုမပြုံးပြနဲ့ Riku။

တဖြည်းဖြည်း နီးစပ်လာတဲ့Rikuနဲ့Hanaရဲ့လက်တွေဟာ Daeyoung ဂဏာမငြိမ်ဖြစ်‌ေနရတဲ့အကြောင်းအရင်းတွေပါပဲ။Daeyoungလက်ကို ကိုင်ခဲ့တဲ့Rikuလက်တွေဟာ တစ်ခြားကောင်မလေးရဲ့လက်ကို ကိုင်တော့မယ်။ဒေါသထွက်လေသလား ဒေါသထွက်စရာလား။

SILENCEWhere stories live. Discover now