အတန်းပိုင်ဆရာက Daeyoung ကို မှာပြီး အလောတကြီးထွက်သွားတယ်။အမြဲတမ်း အသင်းနေ့ဆို အလုပ်တွေအရမ်းရှုပ်တယ်။

အတန်းထဲမှာ သော့တွေချိတ်တဲ့ သော့ချိတ်တန်းလေးရှိတယ်။ နောက်ဆုံးတန်းက ကျောင်းသားကျောင်းသူတွေလော့ကာရဲ့ ဘေးက နံရံမှာ အရုပ်လေးတွေပါတဲ့ သော့ချိတ်အတန်းကို အလျားလိုက်ကပ်ထားတယ်။

Daeyoung လဲ သော့ယူဖို့ နေရာက ထပြီး သော့ရှိရာကို လာခဲ့တယ်။

"ဟိုတစ်နေ့က ကိုရီးယား တော့ပိုကီသွားစားတာ ကောင်းလိုက်တာ
ဟေ့ကောင် Rikuမင်းမှာ ကိုရီးယားသူငယ်ချင်းတစ်ယောက်ရှိတာ တော့ပိုကီတောင် မစားဖူးဘူးလား"

အနောက်တန်းမှာတော့ ထုံးစံအတိုင်း Mr Rikuတို့လေကြောပစ်နေတယ်။Rikuက နံရံကိုမှီပြီး မက်တပ်ရပ်နေတယ်။ကျန်တဲ့ကောင်တွေကတော့ အနောက်တန်းကခုံမှာ ထိုင်တဲ့သူကထိုင် မက်တပ်ရပ်တဲ့သူက ရပ်နဲ့။Daeyoungရဲ့ပစ်မှတ်က ဒေါင်လိုက် သော့ချိတ်အတန်းရဲ့ ထိပ်ဆုံးမှာချိတ်ထားတဲ့ သော့တစ်ခုထဲကိုပဲ။ပစ်မှတ်ထဲမှာ သော့ချိတ်ဘေးက နံရံကိုမှီရပ်နေတဲ့ Rikuမပါခဲ့ဘူး။

"ဟင့်အင်း သူကငါ့ကို ဝယ်မကျွေးဘူး"

စကားအဆုံးမှာ Rikuဟာ Daeyoung ကို ကြည့်လိုက်တယ်။သော့ကို ယူမှာသိရက်နဲ့ Rikuက အကျင့်ယုတ်စွာ ဖယ်မပေးခဲ့ဘူး။အနေအထားက တီဗွီမှာလွင့်နေတဲ့ ဇာတ်လမ်းတွေထဲကလဲ သော့ကိုလှမ်းယူတဲ့ Daeyoung ရဲ့ ရင်ခွင်ထဲမှာ Rikuဟာ မြုပ်သွားခဲ့တယ်။Daeyoungနဲ့လဲ အကြည့်တစ်ချက်စုံတယ်။Daeyoungက အကြည့်ပြန်လွှဲသွားတယ်။

"ငါဒီနေ့ အားကစားခန်းမမှာ သန့်ရှင်းရေးလုပ်ရမှာ မင်းအရင်ပြန်နှင့်လိုက်"

နီးကပ်နေတဲ့အနေထားမှာပဲ Daeyoung ရဲ့ အသံတိုးတိုးလေးထွက်ပေါ်လာတယ်။Rikuနေရာမှာ မိန်းကလေးသာဆို ရှက်ကိုးရှက်ကန်းနဲ့ပါးတွေရဲတက်လာပြီး Daeyoung နဲ့မျက်နှာချင်းဆိုင်အနေအထားကနေရှောင်ဖယ်သွားလောက်တယ်။ဒါပေမယ့် Rikuဟာ ယောင်္ကျားလေးတစ်ယောက်မို့ ပါးလဲမရဲသလို Daeyoung နဲ့ မျက်နှာချင်းဆိုင် နီးကပ်တဲ့အနေအထားကိုပဲ ဆက်ထိန်းထားပြီး ခေါင်းညိမ့်ပြလိုက်တယ်။

SILENCEWaar verhalen tot leven komen. Ontdek het nu