"မင်းက ကိုရီးယားလူမျိုးဖြစ်တာကို ဂျပန်စာမှာ ဘာလို့တော်နေရတာလဲ
ငါကတော့ စာဆို ဘာစာမှမလုပ်ချင်ဘူး ဂြိုလ်ကြီးကိုးလုံးက ကြော်စားလို့လဲမရဘူး ကလိုရိုဖီးက ဂိမ်းလဲမဟုတ်ပဲနဲ့"

Daeyoung က တစ်ချက်ခေါင်းရမ်းမိလိုက်တယ်။စက်ဘီးလက်ကိုင်ကို မယိုင်အောင် လက်တစ်ဖက်တည်းနဲ့အားပြုထိန်းထားရတဲ့အပြင် ဒီငနဲရဲ့ ပွစိပွစိ စကားသံတွေကို နားထောင်ရသေးတယ်။

အတန်းထဲရောက်တော့ Daeyoung ဘေးနားမှာထိုင်တဲ့ စာကလေးRikuက အိပ်ချင်လို့ဆိုပြီး နောက်ဆုံးအတန်းမှာသွားထိုင်တယ်။Daeyoungဘေးနားကိုတော့ ပါးရဲရဲနဲ့ကောင်မလေးက လာထိုင်တယ်။Daeyoungအသက်က ၁၄ထဲကို မသိမသာဝင်လာပြီမို့ လူပျိုစိတ်ကလေးဖြစ်နေပြီ။လူပျိုဝင်စကောင်လေးတစ်ယောက်က ဘေးမှာကောင်မလေးတစ်ယောက်ရှိနေတော့ ရှက်ကိုးရှက်ကန်းလေးတွေဖြစ်မိတယ်။

စာသင်ချိန်မှာ အနောက်ကနေ စာရွက်လုံးတွေပစ်နေတဲ့ Rikuဆိုတဲ့ဟာလေးကိုတော့ Daeyoung က မသိကျေးကျွန်ပြုနေလိုက်တော့တယ်။

*ဟေ့ကောင် စာကိုပဲကြည့်ဘေးကိုမကြည့်နဲ့* ဆိုတဲ့စာရွက်ကြေထဲက စာလုံးတွေကြောင့် Daeyoung တစ်ယောက် လိပ်ပြာမလုံပဲ အရှေ့ကစာအုပ်ထဲ ခေါင်းဝင်တော့မယ့်အတိုင်း ကြည့်နေတော့မှ Rikuက ကျေနပ်ပြုံး ပြုံးတယ်။

အဲ့လိုနဲ့ မနက်ခင်းတိုင်း ယိုင်နဲ့နေတဲ့စက်ဘီးလက်ကိုင်ကိုထိန်းပေးရတာဟာ Daeyoung ရဲ့ လစာမရတဲ့ အလုပ်လေးဖြစ်လာတယ်။

'ငါ့ကို လှည့်ကြည့်အုံး'
'ငါ့နေရာကိုနေထိုးနေလို့ တံခါးပိတ်ပေးပါလား'
'မုန့်ပါရင်ကျွေးအုံး'
'စာနားမလည်ဘူး '
ဘာအကြောင်းပြချက်ကြောင့် Daeyoung ဟာ အဲ့စာရွက်‌ေကြထဲက စကားလုံးတွေကို အရေးလုပ်မိသွားတာပါလိမ့်။

အင်္ဂါနေ့မှာ Daeyoung တို့ အသင်းကျတယ်။ဆရာတွေကို ကြိုရတာနဲ့ သန့်ရှင်းရေးတွေလုပ်နေရတာမို့ ဟိုငနဲက အလိုက်သိစွာနဲ့ အရင်ရက်တွေလို
စကားမများတော့ဘူး။သူ့ဟာသူ စာသင်ခုံပေါ်မှောက်အိပ်လိုက် တွေ့သမျှလူကို စကားတွေပြောလိုက်နဲ့။

"Daeyoung အတန်းထဲက အားကစားရုံသော့ ယူခဲ့ပြီး လိုက်လာခဲ့နော် ညနေကျ ရုံထဲသန့်ရှင်းရေးလုပ်ရမယ်"

SILENCEOpowieści tętniące życiem. Odkryj je teraz