Rikuအပြုအမူကြောင့် Daeyoung က တခနငြိမ်သက်သွားတယ်။ဖွင့်ထားတဲ့စာအုပ် အလိုလိုပိတ်သွားတော့မှ သတိပြန်ဝင်ပြီး Rikuကို ကြည့်လိုက်တယ်။

"ဘာလဲ ငါက မင်းဆံပင်ကျနေရင် နေရခက်မှာစိုးလို့ ဖယ်ပေးတာ ရန်လိုမနေနဲ့"

Daeyoung မျက်နှာက ရန်လိုတဲ့ ပုံစံဖြစ်သွားလာတော့ Daeyoung သေချာမသိလိုက်ဘူး။Rikuပြောတဲ့စကားကလဲ ဘုနဲ့ဘောက်မို့ နည်းနည်းတော့ ဒေါသထွက်သွားပုံပဲ။

"မင်းက သူများဆံပင်ကို လိုက်ကိုင်ရတာ ဝါသနာပါတာလား"

Daeyoung က စာအုပ်ကိုပြန်ဖွင့်ပြီး ပြန်ပြောလိုက်တဲ့ အသံအေးအေးလေးကို ဘာလို့များ Rikuက ဒေါသထွက်သွားတာပါလိမ့်။

"အော် မင်းက မင်းဆံပင်ကိုင်တာကို မကျေမနပ်ဖြစ်နေတာလား ဟုတ်လား"

Rikuအမေးကို Daeyoung က မျက်ခုံးတစ်ချက်ပင့်ပြီး တုံ့ပြန်တယ်။

"အဲ့တာဆို ငါ့ဆံပင်ပြန်ကိုင်‌ ရော့ ကိုင်ကိုင်"

‌သူ့ခေါင်းကို အတင်းထိုးပေးနေတာ Daeyoung ရင်ခွင်ထဲ ခေါင်းလုံးလုံးလေးက နေရာယူသွားတယ်။တစ်ခြားသူတွေလဲ ကြည့်နေတာမို့ ရင်ခွင်ထဲက ခေါင်း‌လုံးလုံးလေးရဲ့ ဆံပင်တွေကို အသာထိုးဖွလိုက်တယ်။ဖြောင့်စင်းပြီး အိကျနေတဲ့ဆံပင်တွေကို Rikuက ဟိုသပ်ဒီသပ်ပြန်လုပ်ပြီး Daeyoung ဆီ မျက်စောင်းတစ်ချက်ပစ်လွှတ်တယ်။Daeyoungတွေးမိတာက ဒီMaedaဟာ နေ့စဉ်အမျှပြောင်းလဲနေတယ်။တစ်ခါတစ်လေ အမြင်ကတ်စရာပုံစံ၊တစ်ခါတစ်လေ ခင်ဖို့ကောင်းတဲ့ပုံစံ၊တစ်ခါတစ်လေကျ ရန်လိုနေတဲ့ပုံစံနဲ့၊ဟော တစ်ခါတစ်လေကျလဲ ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့ပုံစံ။

-SILENCE-

Daeyoung မိခင်က ဂျပန်အရာရှိတစ်ယောက်နဲ့ နောက်အိမ်ထောင်ကျတာမို့ Daeyoung လဲ ဂျပန်ကိုပြောင်းရွေ့ခဲ့တယ်။

Daeyoung တို့ သားအမိက အရာရှိကြီးစီစဉ်ပေးထားတဲ့အိမ်မှာနေကြတယ်။ခြံဝန်းထဲက တစ်ထပ်ပဲရှိတဲ့ အုပ်ချပ်တွေနဲ့ ဂျပန်ရိုးရာအိမ်လေး။ခြံထဲမှာတော့ သစ်ပင်တွေနဲ့ စဉ့်အိုးကြီးတွေရှိတယ်။ကွပ်ပျစ်တစ်ခုလဲရှိပြီး အိမ်ရှေ့တံခါးမှာတော့ မီးပုံးလေးတွေ ချိတ်ထားတယ်။သားအမိနှစ်ယောက်တည်းမို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့နေလို့ကောင်းတယ်။အရာရှိကြီးကတော့ တစ်ခါတစ်လေမှ ပြန်လာတတ်တယ်။

SILENCEWhere stories live. Discover now