အခန်း 19

217 33 0
                                    


အခန်း 19

စားပွဲအထက်မှ မီးလုံးအလင်းတန်းများဖြင့် လင်းထိန်နေသော်လည်း စားပွဲအောက်တွင် အရိပ်ကျနေ၍ အနည်းငယ်မှောင် နေသည်။ ရှောင်ပေါ်ဟန်၏ မျက်နှာသည် အရိပ်ထဲတွင် ဖုံးကွယ်ထားသည်။ ‌နင်အာ က ငုံ့ကြည့်လိုက်တော့ သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း  - "... မင်းဘာလို့ ငါ့နား တိုးလာတာလဲ"

တစ်ခုခုတော့ ထူးဆန်းနေသလို ခံစားရတယ်...

‌နင်အာ  မသိစိတ်ဖြင့် သူ့ခြေထောက်တွေကို ပြန်ဆုတ်လိုက်၏။

ရှောင်ပေါ်ဟန် သည် လက်တစ်ဖက်တွင် ဘောပင်ကိုကိုင်ထားကာ ဒူးတစ်ဖက်ထောက်လျက် စားပွဲတစ်ဝက်ကိုဖြတ်ပြီး နင်အာဘက်သို့ ရောက်လာသည်။

သူ့မျက်လုံးတွေက ‌နင်အာ၏ခြေထောက်တွေကို ကပ်ထားလုနီးပါးဖြစ်နေ၏။သူကောက်ကိုင်လိုက်တဲ့ ဘောပင်က ဒီလောက်ကြီးမားတဲ့ စားပွဲကြီးကို ဖြတ်ကျော်သွားနိုင်တာကို ‌နင်အာ အံ့သြသွားသည်။ ရှောင်ပေါ်ဟန် သည် သူ၏ ခြေထောက်နှင့် နီးကပ် နေလွန်းသောကြောင့်ရှောင်ပေါ်ဟန် ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ထိုင်ခုံ ပြန်ဆွဲထုတ်လိုက်သည်။

ရှောင်ပေါ်ဟန် အေးခဲသွား၍ သူပြန်မဖြေသည်ကိုမြင်တော့ ‌နင်အာ က "မင်းဘာဖြစ်နေတာလဲ" လို့ အသံတိုးတိုးနဲ့ ပြန်မေးလိုက်၏

သူပြောနေတဲ့အချိန်မှာ သူက ကုလားထိုင်ကို နောက်ပြန်ဆုတ်ရန် ခြေထောက်တွေကိုပြန် လှုပ်လိုက်၍ ဘောင်းဘီတိုက ထပ်ပြီး အပေါ်သို့တက် သွားသည်။

ရှောင်ပေါ်ဟန် သည် ထိုနေရာကို တည့်တည့်စိုက်ကြည့်နေရာ အဝေးသို့အကြည့်လွဲမနည်း အာရုံလွှဲခဲ့ရသည်။သူ မတ်တပ်ထရပ်မှီ အနည်းငယ်တုံ့ဆိုင်းသွားကာ ထိုင်ခုံပေါ်ပြန်ထိုင်ပြီးနောက် မျက်လုံးများက မမြင်နိုင်တော့သည့် စားပွဲအောက်တွင် ဝှက်ထားသော  ခြေထောက်လှလှလေးကို နှစ်ခါပြန်ငုံ့ကြည့်ဘဲ မနေနိုင်တော့ပေ။

ခဏအကြာတွင် ရှောင်ပေါ်ဟန် သည် လေးနက်စွာကြည့်ကာ "ဘောပင်ကောက်တာ  လေ ဘာဖြစ်လို့တာလဲ"

A LITTLE LOVE SONG {Complete} Where stories live. Discover now