အသက်မပြည့်သေးသော ကလေးမွေးဖွားရန် ကိုယ်ဝန်ဆောင်အမျိုးသမီးက အသက်စွန့်စွန့်စားစားလုပ်ခဲ့တော့ စစ်ဟွိုင်ရှီးက ပြင်းပြင်းထန်ထန် သဘောမတူကြောင်းပြောတော့လေသည်။  သူ စိတ်ထဲတွင် တုံ့ဆိုင်းသွားပြီး သန္ဓေသားကို စောင့်ရှောက်ရန် စိတ်ထဲတွင် တွေးထားသော်လည်း လောလောဆယ်တွင် စစ်ဟွိုင်ရှီးအား မပြောနိုင်သေးပေ။

ဖေးကျောက်ကျိုး မှာလည်း မိုက်မဲတဲ့ တစ်ကိုယ်ကောင်းဆန်မှု ရှိတယ်။ လကြီး လာတဲ့အခါ ကိုယ်ဝန်ဖျက်ချခြင်းက အသက်အန္တရာယ်ရှိသည်။ ထိုအချိန်တော့ စစ်ဟွိုင်ရှီး သည် မည်သို့ပင် သဘောမတူသည်ဖြစ်စေ ဖျတ်ချနိုင်မည်မဟုတ်တော့ပေ။

မမျှော်လင့်ဘဲ စစ်ဟွိုင်ရှီးကို သူလျှိုအဖြစ်တွေ့ရှိခဲ့ရတယ်။အစက ကလေးကို မဖုံးကွယ်ထားနိုင်မှာ  သူစိုးရိမ်ခဲ့သည်။ စစ်ဟွိုင်ရှီးရဲ့ သူလျှိုတစ်ဦးအဖြစ် အထောက်အထားက အန္တရာယ်တစ်ခုဖြစ်သော်လည်း ကလေးမွေးပြီးပါက အနာဂတ်တွင် မည်သို့ပင် မတော်တဆမှုမျိုးမဆို ကလေးကို စစ်ဟွိုင်ရှီးထံ အပ်နှံနိုင်ပါတယ်လေ။

ဒါက ဖေးကျောက်ကျိုး အချိန်အတော်ကြာ စဉ်းစားထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် အစီအစဉ်မှာတော့ စစ်ဟွိုင်ရှီးဟာ အင်ပါယာဘက်ကလူတစ်ယောက်အနေနဲ့ ကလေး ရဲ့ဖခင်အဖြစ် ဆက်ရှိနေဦးမယ်လို့ သူမျှော်လင့်ထားခဲ့ပါတယ်။

စစ်ဟွိုင်ရှီးကတော့ အစ်ကိုဖေးနဲ့တစ်နေ့ ဒီလို​ဖြစ်လာမယ်ကို မထင်မိခဲ့ပါဘူး။

- တောင်းပန်ပါတယ် အစ်ကိုဖေး.. မင်းရဲ့မှတ်ဉာဏ်တွေကို နည်းနည်းပဲဖျတ်လိုက်မှာပါ..သတိတောင်မထားမိစေရပါဘူး

စစ်ဟွိုင်ရှီး ၏မျက်လုံးများသည် မြူခိုးများဖုံးလွှမ်းနေသော ပင်လယ်ပြင်တစ်ခု လိုဖြစ်ပြီး၊ နက်နဲသောအပြစ်နှင့်နောင်တများဖြင့် ပြည့်နှက်နေလေသည်။

ဖေးကျောက်ကျိုးကလည်း အစီအစဉ်တစ်ခုရှိတော့ အရင်ဦးစွာ...

"မင်း အင်ပါယာကို လှည့်စားဖို့ စိတ်ကူးနေတာလား.. အင်ပါယာရဲ့ ဂုဏ်သိက္ခာအရ မင်းကိုခိုင်းတဲ့လူထက် အများကြီး ပိုပေးမယ်.. မင်းကို ကျိုးကြောင်းဆီလျော်တဲ့ အထောက်အထားတစ်ခုလည်း ပေးမယ်...မင်းရဲ့ သူလျှို့အလုပ်ကနေ ထွက်လိုက်တော့... ပြီးတော့ ငါ့ကိုလက်ထပ်ပါ.. ငါ့တရားဝင်အိမ်ထောင်ဖက်ဖြစ်လာရင်..ငါမင်းအတွက် အရာအားလုံးကိုထားခဲ့မယ်!"

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now