Part 16

3.8K 362 22
                                    

U+Z

"ဖေဖေ"

"ဟေ လာကြလာကြ"

ပိတ်ရက်ဖြစ်ပြီး အလုပ်ထွက်မယ့်ကိစ္စကို ဖေဖေ့ပြောရအုန်းမှာဆိုတော့ ရာရာတို့ ဖေဖေ့ဆီလာခဲ့တာဖြစ်သည်။ မနေ့က ညနေပိုင်းဝင်မယ်ဆိုပြီးတော့ ပြဿနာတွေဖြစ်သွားတော့ သူ့စိတ်အဆင်ပြေအောင် မနည်းလုပ်ခဲ့ရတာ။ ဖုန်းနဲ့အိတ်တွေတောင် ဒီမနက်မှသွားယူလိုက်ရတာဖြစ်ပြီး ဂိုထောင်ကနေ ဖေဖေ့ဆီကို တန်းလာလိုက်တာဖြစ်သည်။ ဖေဖေကတော့သူ့ကိုနွေးထွေးမှုအမြဲပေးသည်။

"လာ သားယောဏသံမိန် အလုပ်ရော အဆင်ပြေလား"

"ဟုတ်ကဲ့ ပြေပါတယ်"

"အေးအေး။ လိုတာရှိရင် ဖေဖေ့ကိုပြောနော်"

"ဟုတ်ကဲ့"

"ဖေဖေ သားတို့ပြောစရာရှိလို့"

"အင်း ပြောလေ။ ဖေဖေ ဘာလုပ်ပေးရမလဲ"

ရာရာ အလုပ်ထွက်မယ့်ကိစ္စရယ်၊ ရာရာ့အတွက် ဖေဖေ ခွဲဝေပေးထားတဲ့ ရှယ်ယာကို ယောဏသံမိန့်နဲ့ စီးပွားပေါင်းလိုက်ဖို့ စဉ်းစားထားတာရော ပြောရမှာဖြစ်သည်။ ညတုန်းက သူနဲ့ယောဏသံမိန့်နဲ့တိုင်ပင်ဖြစ်၏။ အလုပ်ထွက်ပြီး ယောဏသံမိန့်နဲ့အတူတူရှိနေမှတော့ ရှယ်ယာပါထုတ်ပြီး စီးပွားပေါင်းလိုက်ဖို့ တိုင်ပင်လိုက်ကြပြီး သူပါယောဏသံမိန့် စီးပွားထဲပါဝင်လိုက်မှာကို ညှိယူပြီးပြီဖြစ်၏။ ရာရာ ဖေဖေ့ကိုပြောပြတော့ ဖေဖေက လေးလေးနက်နက်နားထောင်ပေးသည်။ ရာရာတို့ပြောတဲ့အထဲမှာ ကိုရောင်နီဦးရဲ့ကိစ္စတော့မပါ။ ရာရာ ကိုယ်တိုင်လဲ လူကြီးတွေစိတ်ရှုပ်အောင်တိုင်တောတာမလုပ်ချင်ပေ။

"သားရှယ်ယာက ဒီအတိုင်းထားလိုက်လေ။ သားယော စီးပွားရေးထဲ သားပါချင်ရင် ဖေဖေ ထပ်ထည့်ပေးမှာပေါ့"

"အဲ့လိုက မကောင်းဘူးလားလို့ဖေဖေ"

သူ့အတွက်ပေးထားတဲ့အပြင် ထပ်ပြီးထည့်ပေးအုန်းမယ်ဆိုတာ မမသိရင်တော့ မိုးမီးလောင်တော့မယ်ထင်သည်။

"ဘာဖြစ်လို့လဲ သားက ဖေဖေပေးတာမလိုချင်ဘူးလား"

"မလိုချင်တာမဟုတ်ပေမယ့် ဖေဖေက သားအတွက် သီးသန့်ခွဲပြီးသားလေ"

ပြန်လည်မွေးဖွားပြီးနောက် ဇာတ်လိုက်ပြောင်းသွားသည် (Yaw&Yarr)Where stories live. Discover now