“မောနင်း..”
 

ရှောင်းယီနှင့် ရှောင်းထန်လင်းတို့လည်း အတူတူနှုတ်ဆက်လိုက်ကြသည်။ လီကျို့ခိုင်သည် သူ၏လက် လုံးလုံးတုတ်တုတ်ကလေးကို အနည်းငယ်ဆန့်ထုတ်လိုက်သည်။ သူ၏ချိုမြိန် နေသည့်ကလေးအသံလေးသည် ၎င်းတို့၏ နှလုံးသားကိုတိုက်ရိုက်ထိမှန်သွားသည်။ ဟင်း သီးဟင်းရွက်စိုက်ခင်းအတွင်းရှိ ကင်မရာတွင် မိသားစုနှစ်ခု၏ အိမ်နီးချင်းကောင်းများကဲ့သို့ယဉ်ကျေးစွာ နှုတ်ဆက်နေကြပုံကို မှတ်တမ်းတင်ထားသည်။
 

[ထိပ်တန်းကျောင်းသားကတော့ ထိပ်တန်းကျောင်းသားပါပဲ၊ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် နာမည်ကြီး Cele ပဲ ဖြစ်ဖြစ် သူ လုံး၀ဂရုမစိုက်နေမှာမဟုတ်ဘူး။]

 
[ဒါမှ ငါတို့အားပေးရသင့်တဲ့ Idol အစစ်ပဲ။]
 

[ရှောင်းရှောင်းတို့မိသားစုကိုကြည့်ရတာ တကယ်ကို အေးချမ်းနေတာပဲ။ ပြီးတော့ မနေ့ညက အစား သောက်တွေချက်ပြုတ်နေတုန်းကလည်း သူတို့မိသားစုတွေ အကုန်အတူတူ အလုပ်တွေအကုန်လုံး၀ိုင်း လုပ်နေကြတာ မင်းတို့ သတိထားမိကြလား ?]

[ရှောင်းရှောင်းရဲ့အိမ်ကိုကြည့်လိုက်တာ အေးချမ်းသွားသလိုခံစားလိုက်ရတယ်။]

"လီကျို့ခိုင်၊ မုန်လာဥတွေကို အဲ့လိုတူးလို့မရဘူးလေ။ အပင်ထိပ်ကို လက်တစ်ဖက်နဲ့ကိုင်ပြီး အမြစ်နဲ့ ဂေါ်ပြားကိုနီးအောင်ထားပြီးမှ ဖြည်းဖြည်းချင်းတူးဆွရတယ်။ မင်း အဲ့လိုဆက်တူးနေရင် ဘေးကအပင် တွေပါ သေကုန်လိမ့်မယ်...”
 

လင်းဝမ်သည် မုန်လာဥကို၀ါးစားနေရင်း သူ(မ) ၏လင်ပါသားဖြစ်သူအားပြောလိုက်သည်။

"အဲ့လိုကိုး ?"

 
လီကျို့ခိုင်သည် နားလည်သယောင် မေးကိုဆတ်ခနဲလှုပ်စိလှုပ်စိလုပ်လိုက်ပြီးနောက် သူ့လက်နှစ်ဖက် နှင့် သေသေချာချာတူးဆွနေတော့သည်။

[လီကျို့ခိုင်က သူ့ကိုပြောပြသလိုလိုနဲ့ ခိုင်းစားနေတာကို သူ မသိဘူးလား?]

 
[ငါ သည်းမခံနိုင်တော့ဘူး၊ နင်က လူတစ်ယောက်ဖြစ်ဖို့တောင်ထိုက်တန်သေးလို့လား။]

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now